12 August 2007

ဘောဂဗလ

အိပ်မက်လှလှမက်ဖို့
အိပ်ယာကောင်းကောင်း လိုတယ်
စားမြိန်သောက်မြိန် ခံတွင်းလိုက်စေဖို့
ဟင်းကောင်းကျွေးကောင်းကလေး လိုတယ်
စီးပွားရေးသောင်သာတဲ့အခါ
စူထားတဲ့ ချစ်သူနှုတ်ခမ်းကို
လေးကိုင်းသဏ္ဍာန် ကွေးညွှတ်လာအောင်
ဖန်တီးလို့ ရတယ်
မိတ်ဆွေ..
ခင်ဗျားရော ကျွန်တော်ရော
လောကရဲ့ အခြေအနေ အခြင်းအရာအမျိုးမျိုးထဲမှာ
သာတောင့်သာယာ လိုက်ပါစီးမျောနိုင်ဖို့
" ဗလငါးတန် " ထဲက
" ဘောဂဗလ " ကလေးဟာဖြင့်
အမှန်တကယ် လိုအပ်လှပေတယ်
ကိုယ့်အခုအခံနဲ့ကိုယ် နားဝင်လိုက်ကြ
အချို့ တစ်ခဏ အချို့ တစ်ဘ၀ ။

ညိမ်းညို

1 comments:

gpgroup said...

ဒီကဗျာကို သိပ် သဘော မတူချင်ပါဘူး
အိပ်မက်လှလှ မက်ဖို့
စိတ်ကူး ကောင်းကောင်းလေး တွေပဲ လိုပါတယ်။
စားမြိန် သောက်မြိန် ခံတွင်းလိုက်စေဖို့
ဆာလောင် မွတ်သိပ်မှု နဲ့ ကျန်းမာရေးကောင်းတဲ့
လျှာတစ်ချောင်းပဲ လိုပါတယ်။
စီးပွားရေး သောင်မသာလဲ
စူနေတဲ့ ချစ်သူ့နှုတ်ခမ်း
အနမ်းတပွင့်နဲ့ သစ္စာစကား
ပြုံးပန်းစွင့်သွားစေနိုင်တယ်။
ဗလငါးတန်ထဲက ဘောဂဗလ
အိုင်ဒီယာကောင်းရင် ရနိုင်ပါ့။