12 August 2007

ဇောက်ထိုးကောင်၏ မှတ်စုများ (၃)

တစ်ခါတစ်ခါ
ဝေ့လွန်းဝိုက်လွန်းရင်
လမ်းစပျောက်,ပျောက်သွားတတ်လို့
ရိုင်းချင် ရိုင်းပါစေကွာ
ငါ့ကို ..ဒဲ့ဒိုးသာ ပြောကြ
ဟား..ဟား
အဲဒီလို ပြောကြတဲ့အခါ
ငါ့အဖို့ နားဝင်သိပ်ချိုတယ်ပ ။

ရင်ထဲကမဟုတ်တဲ့ စကားတွေ
လာ,လာ မပြောစမ်းပါနဲ့ကွာ
ဓါးမိုးပြီး ယုံခိုင်းရင်တောင်
ယုံရမှာ ပျင်းလို့ ..။

ညိမ်းညို

1 comments:

ံAI Information System said...

ကဗျာလေးက ကောင်းတယ် မိုက်တယ်ဗျာ ကျွန်တော် နေ့တိုင်းဝင်ဖတ်ဖြစ်တယ်