31 August 2007

ချယ်ရီရိပ်မြုံ တို့ခိုလှုံစဉ်

၁၄၊ ၃၊ ၂၀၀၆ ရက်နေ့တွင် သင်တန်းနံရံကပ်စာစောင်အတွက် စတင်အကောင်အထည်ဖော်ဖြစ်ပါသည်။ လိုအပ်သောပစ္စည်းပစ္စယများကိုလည်း ၀ယ်ခြမ်းပြီးစီးပါသည်။

၁။ ဘာသာစကားနဒီ စာပန်းချီ
၂။ ပွင့်ဖူးဝေစီ ဘာသာစကားစာပန်းချီ
၃။ ပွင့်ဖူးဝေလွင် ဘာသာစကားစာဥယျာဉ်
၎။ ဘာသာစကားအားမာန် စာဗိမာန်
၅။ ပွင့်သစ်တို့ရဲ့ နှလုံးသား

ခေါင်းစီး ၅ ခုကို ၀ိုင်း၍စဉ်းစားကြရာ အားလုံးကနှစ်ခြိုက်သဖြင့် ဘာသာစကားအားမာန် စာဗိမာန် ကိုရွေးချယ်ကြပါသည်။ မျှော်မှန်းထားသည်ထက် စာမူများ(အရေအတွက်ရော၊ အရည်အသွေးပါ) ပိုမိုရရှိသဖြင့် ကျွန်တော်တို့အဖွဲ့ ပျော်ရွှင်ကြရပါသည်။ ကဏ္ဍ ၄ ခုခွဲ၍ အောက်ပါအတိုင်း တင်ဆက်ပေးကြပါသည်။

၁။ ဟဒယရွှင်ဆေး တိုက်ကျွေးဝေဆာ
၂။ ကဗျာပန်းခင်း ပျံ့ သင်းကြူစွာ
၃။ သုတဆောင်းပါး မှတ်သားဖွယ်ရာ
၎။ ဖတ်ရှုခံစား ၀တ္တုများစွာ ပါရှိပါ၏ ။

၁၇ ရက်နေ့တွင် အချိန်မှီပြီးစီးပါသည်။ ပါဝင်လုပ်ကိုင်ကြသူအားလုံး တက်ညီလက်ညီ လုပ်ကိုင်ကြသဖြင့် ချောချောမောမော သပ်သပ်ရပ်ရပ် ရှိလှပါသည်။ ကိုစိန်ထူး၊ ကိုဟန်ညီ၊ ထက်အောင်လင်း(တင့်ထူးရွှေ) ၊ ဟိန်းမင်းဆက်၊ ဝေဖြိုးကြည် (ပန်းချီ) အားလုံးစည်းစည်းလုံးလုံး ရှိလှပါ၏။ အလုပ်တာဝန်များ၍ မအားလပ်သည့်အတွက် သင်တန်းမှူး၏ ဥယျောဇဉ်ကို ရေးခွင့်ကြုံခဲ့ပါသည်။

၁၈၊ ၃၊ ၂၀၀၆ ရက်နေ့ တွင်ရှပ်(နှစ်ဆောင်တွဲ) တွင်ပြုလုပ်သော နံရံကပ်စာစောင်ပြပွဲ၌ ခင်းကျင်းပြသနိုင်ခဲ့ပါသည်။ တစ်ဖက်သင်တန်းဖြစ်သော "ဘွဲ့လွန်သင်တန်း" သည် "အိုင်တီနှလုံးသား" ဟူသော ခေါင်းစီးဖြင့် တင်ဆက်ပြသသည်ကို လေ့လာတွေ့ရှိရပါသည်။

ကျွန်တော်တို့ သင်တန်းမှာ စာမူအင်အားသာလွန်သော်လည်း လက်ရေးအလှဖော်ဆောင်မှုတွင် အားနည်း သည်ဟု ထင်မိပါသည်။ စာမူများကို အကွက်ချ ဒီဇိုင်းဖော်ရာတွင် သင်တန်းနှစ်ခုမှာ ကွာဟမှုသိပ်မရှိလှဘဲ စိတ်ကူးကောင်းသည်ကို တွေ့ရပါသည်။

ညိမ်းညို

2 comments:

တင့်ထူးရွှေ said...

အမှတ်ရစရာလေးပါ ၊ဘယ်လောက်ပဲ ပင်ပန်းခဲ့ရပေမယ့်
ငါတို့တွေလုပ်ပြနိုင်ခဲ့ကြလို့ ကြည်နုးခဲ့ရပါတယ်..။

အညာသား said...

အေးကွာ
မင်းဆီကိုလဲ အခုမှရောက်ဖြစ်တယ်။ ပို့စ်အဟောင်းတွေကိုလဲ မလှန်ရသေးတော့ ဒီပို့စ်လေးကို မတွေ့မိဘူးသယ်ရင်းရေ....။ ကျေးဇူးတင်ပါတယ်ကွာ။ လုပ်ခဲ့တာတွေကိုလဲ ပြန်သတိရမိတယ်။