21 August 2007

ဆိပ်ကမ်းလှေ


ရောက်ခဲ့ဖူးတဲ့ခရီးဆိုလို့
ခေါင်းစဉ်ပေးစရာတောင် မည်ကာမတ္တမရှိ
လှိုင်းပုတ်လိုက်တဲ့ ဘယ်ညာအရွေ့လေးကိုပဲ
လူကြားမရှောင် သူကြားမရှောင်
အလန့်တကြားထထအော်
ပင်လယ်ရဲ့မာယာကိုလည်း မသိ
လှိုင်းရဲ့ အထာကိုလည်း မမိ
လုံခြုံစိတ်ချရမှုလေးတစ်ခုတည်းနဲ့
ဆိပ်ကမ်းမှာ ကြိတ်ပြီးပျော်နေလိုက်တာ
နွေနွေ.. မိုးမိုး.. ဆောင်းဆောင်း..
ကမ္ဘာကြီးဘယ်လိုပြောင်းပြောင်း
သူ့လမ်းကြောင်းကတော့
တွယ်မိတွယ်ရာ ဆိပ်ကမ်းလေးမှာပဲ
ဝမ်းဗိုက်တွေ ရိနွမ်းစုတ်ပျတ်သွားတဲ့အထိ..
ခွေအိပ်နေလိမ့် ..

ညိမ်းညို

1 comments:

pandora said...

မိုက်တယ်
အဲဒီလှေက ဗိုက်ပေါက် ရေတစိမ့်စိမ့် ၀င်နေတာကိုရော သိရဲ့လား။
လိုရာမှ မပို့ဆောင်နိုင်ရင် လှေလို့တောင် မခေါ်သင့်ဘူး။