11 August 2007

ခတ်ကျွဲ

သူငယ်ချင်း
"ခတ်ကျွဲမှန်ရင် ဒဏ်ရာမကင်း"တဲ့
မင်းကြားဖူးတယ် မဟုတ်လား။

ဒီလိုပါပဲ
သူငယ်ချင်းရယ်
ဘ၀ဆိုတာ တိုက်ပွဲပါကွာ
ရင်ဆိုင်ယှဉ်နွှဲ အနိုင်ကြဲရင်
အသဲမာဖို့ လိုလိမ့်မယ်။

ညိမ်းညို

0 comments: