22 August 2007

ခေါင်

ထုပ်၊ လျောက်၊ ဒိုင်း၊ မြားတို့အပေါ်
တလေးတစား ထမ်းတင်ထားတာ
ခန့်ခန့်ကြီးထိုင်နေဖို့တော့ မဟုတ်ဘူး
ရှိစုမဲ့စု အိမ်ရဲ့ အစိတ်အပိုင်းအားလုံးနဲ့
လူလူသူသူ ထိပ်မှာရွက်ထားတာ
ဝင့်ကြွားဖို့ သက်သက်တော့ မဟုတ်ဘူး
စကားဆိုတာ များများပြောဖို့ မလိုဘူး
ပြောလိုက်တဲ့ စကားတိုင်း
မှန်နေဖို့ပဲ လိုတယ်
အမြင့်ပိုင်းမှာ နေသာပြီး
အနိမ့်ပိုင်းမှာ ထစ်ချုန်းနေတဲ့ ရာသီဥတု
ဘယ်သူက ပြုစားလိုက်တာလဲ
ရေဒဏ်မိုးဒဏ်တွေနဲ့
အိမ်ရဲ့ အသံကလည်း တိမ်နေပြီ
နေစားလေစားနဲ့
အိမ်ရဲ့ အရောင်အသွေးကလည်း မှိန်နေပြီ
ခေါင်ကသာ
နည်းမှန်လမ်းမှန်နဲ့ ကာကွယ်စောင့်ရှောက်ပါစေ
အိမ်ဟာ ပန်းတွေဝေအောင်ပန်လို့
ခေါင်းကို မော့နေအောင်ထောင်ပြလိမ့်မယ်
တစ်ခုတော့ရှိရဲ့
ခေါင်က ခေါင်မမည်သရွေ့တော့
အိမ်ကလည်း အိမ်စဉ်မှီဦးမှာ မဟုတ်ဘူး ။

ညိမ်းညို

2 comments:

ဇနိ said...

အတွေးကောင်း၊ အရေးကောင်း။ တော်လိုက်တဲ့ ညိမ်းညို။
မရှိတာထက် မသိတာခက်တယ်။
သူတို့ကို သိစေချင်တယ်။

pandora said...

အရေးရောအတွေးပါ သဘောကျတယ် . ခေါင်လို့ဖြင့်မမည်ပဲ ခေါင် ခေါင်နဲ့ အော်နေတာကိုရော နားမခါးမိဘူးလားကွယ်။ ဒီခေါင်အောက်မှာမှ အိမ်လာဖြစ်ရလေတယ်။ ခေါင်စဉ်မီတဲ့ ခေါင်အသစ် လိုပြီ။