27 August 2007

သက်ငြိမ်

ပရမကား ချောင်းရေအလှုပ်
ကသုတ်ကရက် ခုန်ပေါက်ပြေးထွက်
ရေသောက်ဆင်းတဲ့ ကြယ်ကလေးတွေ
ဖွေးဖွေးလှုပ်တယ် ။

အဖေ့ခြေထောက်တွေက
ချောင်းရေကိုဆန်တက်နေတယ်
သားက အဖေ့လက်မောင်းကို
ယီးလေးခိုစီးလို့..
အပျော်ကြီးပျော်တယ် ။

အဲဒီညပေါ့ ..
သားအဖနှစ်ဦးရဲ့ ရွာအ၀င်လမ်းမှာ
ပန်းတွေ..တလှေကြီးပွင့်ခဲ့တယ် ။

ညိမ်းညို

1 comments:

Layma said...

ကဗျာဆရာ နေကောင်းလို့  …ကလောင်ကိုဆွဲတော့….ပန်းတွေတောင်…တလှေကြီးပွင့်ကုန်ပါပေါ့လား….