16 August 2007

တောင်ယာ

နွေမှာ ကွပ်မျက်ခြင်းခံထားရတော့
မိုးဦးကျတာတောင်
စိမ်းလန်းစိုပြည်ခွင့် မရှိရှာဘူး
နေ့နေ့ ညည
တောင်ယာဟာ ကိုယ့်အဆင်တန်ဆာနဲ့ကိုယ်
လောင်မီးကျလို့
စီမံစိုက်ပျိုးသမျှ သီးပွင့်ဝေဆာမှုတွေနဲ့
ရိုးရိုးသားသား တုံ့ ပြန်လို့
ဒီလိုနဲ့ ..
ရိတ်သိမ်းသွားကြပြန်ပေါ့
အောင်ပွဲတွေ ဘာတွေခံလို့
တောင်ယာမှာသာ
သုံးနှစ်သုံးမိုး မျိုးတုံးလို့ ကျန်ရစ်ခဲ့တယ် ။

ညိမ်းညို

3 comments:

မေငြိမ်း said...

ဒီကဗျာကို ဖတ်တော့ ဆရာမစိတ် ၀င်လာပြီး
အန်တီ့ကျောင်းသားတွေကိုပဲ မြင်ယောင်လာတယ်။
အတူတူလိုပါပဲနော်..။

The Poem , The Art said...

တောင်ယာကိုသဘောကျရာကနေ
ညိမ်းညိုရဲ့ ကဗျာတော်တော်များများကို ရှာဖတ်သွားပါတယ်။

သင့်ရဲ့
ခေတ်ပေါ်ကဗျာလမ်း

The Poem , The Art said...

link ချိတ်လိုက်ပီနော်။
ခေတ်ပေါ်ကဗျာလမ်း