2 February 2008

ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို

"ယောက်ျားချင်းအချစ်နဲ့ 
ယောက်ျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီ ဗိုင်းရပ်(စ်) ပိုးကို
ငါအရင်တွေ့ရှိ တာပါကွယ်"…….မောင်ချောနွယ်
ညိမ်းညိုရေ…..မင်းဘယ်လိုလဲ
မင်းဘယ်သူဆိုတာထက်
မင်းကဗျာသာ ငါစိတ်ဝင်စားတယ်
မင်းကဗျာထဲမှာသာ
မင်းကို ငါ ရှာဖွေလိုက်ချင်တယ်
ငါ့ ဒိုင်ယာရီ ရဲ့စာတစ်မျက်နှာ
မင်းကဗျာကြောင့် ထွန်းလင်းတောက်ပတယ်
အိပ်မက် တွေနဲ့ ကဗျာဆရာ
ငါ့ကိုငါ ခေါ်ဖို့ မရဲပေမယ့်
မင်းကိုငါ ခေါ်ရဲဖူးချင်တယ်
ငါတို့ တရားမဟောဘူး
ငါတို့ လမ်းမပြဘူး
ခံစားမှု တွေကိုသာငါတို့ လှုပ်နှိုးတယ်
မေတ္တာတရားကို မြတ်နိုးတယ်
ဒဏ်ရာအနာတရ တွေကိုသာ
ချင်ခြင်းတပ်စွာ လိုက်ရှာတယ်
လောကကြီးနဲ့ စိတ်ဆိုးစိတ်ကောက်တယ်
ဖန်တစ်ရာတေအောင် ရန်ဖြစ်လည်း
ငါတို့ ပြန်ပြန်ချစ်တယ်
ကဗျာဆရာ ရဲ့မဟာတာဝန်ဟာဒါပဲ
ဒီလောက်ပဲပေါ့ကွာ
“ကဗျာဆရာသေရင်
ကဗျာနဲ့ သရဏဂုံ တင်ရတယ်“…..မောင်ချောနွယ်
ညိမ်းညိုရေ
မင်းမသေဘဲ
မင်းကဗျာတွေမသေလိုက်ပါနဲ့
ကဗျာကို ယုံတာစုံလုံးမကန်းပါဘူး
ငါ သေရင် သရဏဂုံတင်ဖို့
ကဗျာတွေ ထမ်းပြီး ပြန်ခဲ့တော့..ညိမ်းညို ။ ။

ညီသူငယ်ချင်း မျှားပြာ နှင့် ညိမ်းညို သို့ 

ညိုထက်ညို ( ၂၃၊၀၁၊၀၈ )

3 comments:

တင့်ထူးရွှေ said...

ကို ညိုထက်ညို ကဗျာတွေကို စပ်မိမပ်ရာ ဘလော့ မှာလဲ ဖတ်ဖြစ်နေပါတယ် ၊ အမှတ်တရ ဖြစ်စေမယ့်
ကဗျာလေးတွေ ပဲ နော် ၊ ပျော်ရွှင်ပါစေ :D

Unknown said...

အောင်..မင်းကဗျာတွေမသေလိုက်ပါနဲ့ ...မင်းရေးတဲ့ကဗျာတွေကိုအားပေးနေမယ်...
:).

နေ့ သစ် said...

အစ်ကိုကြီးရေ ...
ရှာရှာဖွေဖွေ လာဖတ်ဖြစ်ပါတယ် ...
ရွှေအိုးတင်မကဘူး
ဗော်လ်ကာ ပုလင်းပါ ထမ်းခဲ့နော် ... ။