လမင်းကဖြာကျတဲ့ အလင်း
မြို့ ကြီးပြကြီးမှာ လင်းချင်မှလင်းမယ်
ကျေးလက်က တောရွာလေးမှာတော့
လင်းတပပ ၀င်းမြ..သာစွ ။
သူ့ဘက်ကပုတ်ထုတ်လိုက်တဲ့ ဘောလုံး
(သူ့အဖို့ ) အရှိန်ပြင်းကောင်းမှ ပြင်းမယ်
တစ်ဖက်က လူမှာတော့
ဘ၀တစ်ခုလုံး လွင့်သွားရှာပေါ့.. ကြေမွ ။
ညိမ်းညို
18 February 2008
ကွဲပြားရလဒ်
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
3 comments:
ဘောလုံးတစ်လုံးကြောင့် ဘ၀တစ်ခုလုံး လွင့်...ကြေမွ... သွားနိုင်တယ်ဆိုရင်..အဲဒီဘ၀က တော်၂ အခြေမခိုင်တာ ဖြစ်မယ်...။ အဟဲ..ကန့်လန့်တွေးသွားတာ...။
အရှိန်ပြင်းတယ်နော်..သတိထားးးးးးးးးး
..... :D
ကဗျာလေးကကောင်းတယ်..ကွဲပြားရလဒ်ကြောင့်ဘဝတခုလုံးကြေမွလွင့်သွားရတာတွေလဲရှိတယ်....။အကိုကဗျာကောင်းတွေဒီထက်ပိုရေးနိုင်ပါစေ....
Post a Comment