29 September 2008

ဂျုံရိုးဦးထုပ်လေးတွေ

တောကျွဲကြီးရထားပေါ်မှာ
အရွယ်စုံဆိုဒ်စုံ ဂျုံရိုးဦးထုပ်လေးတွေကို ငေးရင်း
ကိုယ့်ကိုယ်ကို အားယူပြုံးမိ၊
ဘယ်လိုမှ အသုံးမကျဘူးထင်ရ
နေပူပူ လေပူပူ
ကျွတ်ဆတ်တောင့်တင်း ဂျုံရိုးလေးတွေတောင်
အေးသောအရိပ်ကို ပေးစွမ်းနိုင်တယ်ဆိုတာ...။

ညိမ်းညို

22 comments:

Unknown said...

ဂျုံရိုးဦးထုပ်လေးတွေရရင်လိုချင်တယ်
ကဗျာဆရာဝယ်ပေးပါလားးး မြင်ဘူးချင်လို့ 
ဒီလိုကဗျာလေးတွေထပ်ရေးအုံးနော်.
အားပေးလျှက်ပါလို့ ..။ :)

ညိမ်းညို said...

ညိမ်းညို>khine ဂျုံရိုးဦးထုပ်လေးတွေ ကိုယ်တိုင်လုပ်တတ်တယ်။ လိုချင်ရင် အဲဘက်ဒေသကို လိုက်ခဲ့မှ ရမယ်နော် ... :)
စာရွက်စာတမ်းတွေကို မီးရှို့ခံဝံ့တယ်ဆိုရင်ပေါ့ :P
JK...JK :)

Unknown said...

နယ်ရေ ညီ့ကိုတစ်လုံးလောပို့လိုက်ပါဦး ဟီးးး
ကြိုက်တယ်နယ်ရေ ကဗျာလေးကောင်း နယ်ရေ ဇာတိမြေက၀ါးခမောင်လေးတွေတောင်သတိရမိပေါ့
ခုမိုးရာသီဆိုရင် ဆောင်းနေကြမှာအသေချာပဲ ကောင်းသောနေ့ပါ နယ်ရေ :)

mgngal said...

ဂျုံရိုး ဦးထုပ်ကိုနောက်ထား .ဆောင်းဝင်တော့မယ် ။
သိုးမွေး ဦးထုပ် ၀ယ်ထားဦး ။ဟီးဟီး နောက်တာ အတည်။
:P

Anonymous said...

ဂျုံရိုးဦးထုပ် တစ်ခါမှမတွေ့ ဖူးဘူး တစ်လုံးလောက်ပို့ ပေးပါး)

Kaung Kin Ko said...

ဂျုံရိုးဦးထုပ်လေးတွေက ဘယ်လိုပုံစံလေးတွေလဲညီ။ မမြင်ဖူးဘူး

ကျွန်တော် said...

ဂျုံရိုးဦးထုပ်ဆိုတာ ကောက်ရိုးအထုပ်လိုလား အစ်ကိုညိမ်း

Unknown said...

ဟဲဟဲ ကျနော်ကိုလည်း တစ်လုံးပေးအုံး..
ဂျုံရိုး ဦးထုပ်ပြောတာနော်..နွေရာသီကျ ဆောင်းမလို့ ..အဟဲ

ညိမ်းညို said...

မောင်ခင်လေး- နယ်ရေ ဒီအချိန်ဆို အကိုတို့မြို့လေးမှာ ၀ါးခမောက်တွေ ဆောင်းနေကြရောပေါ့ ... :)

မောင်ငယ်- ညီလေးရေ သိုးမွှေးဦးထုပ်က ၀ယ်ဘူး
ဂါဒီယန်ဆီက အမွေတောင်းထားတာ :P

မောင်မျိုး- ဂျုံရိုးဦးထုပ်ကယောက်ျားဆောင်းလဲ ရှိသဗျ ပို့ပေးမယ်နော ... :)

ကိုကောင်းကင်ကို - အကိုရေ အညာဘက်တွေတော့ အသုံးများတယ်ဗျ မုံရွာ၊ချောင်းဦးစတဲ့ဘက်တွေပေါ့ ...ဈေးနှုန်းသင့်တင့်တယ် ခိုင်ခံ့တယ် ဖက်ရှင်ကျတယ် အလဲ့ ကြော်ငြာထိုးမိနေပါပေါ့လား :)

ကျနော် - ကောက်ရိုးထုပ်ကို အကိုမမြင်ဖူးတော့ တူသလားတော့ မပြောတတ်ဘူးညီလေးရ ။ ဂျုံရိုးလေးတွေကို ရေစိမ်ပြီးလက်ညှိုးလောက်အပြားအရွယ်နဲ့ အခွေရအောင်အရင်ထိုးပီးမှ ဦးထုပ်ပုံစံ စက်နဲ့ပြန်ချုပ်တာပေါ့ ညီတွေ့ဖူးချင်တွေပဖူးမှာ ဂျုံရိုးနဲ့လုပ်ထားမှန်း သတိမထားမိလို့ ဖြစ်မယ်

သတိုး- ဟားဟား တော်တော်နောက်တဲ့လူ :) ဘာပဲပြောပြော နေပူခံတာပေါ့ဗျာ

pandora said...

ဂျုံရိုးကို မမြင်ဖူးဘူး မှတ်တယ်။ ကောက်ရိုးတော့ သိတယ်လေ။

ချစ်စရာ ကဗျာလေးပါ။

အေးသောညိမ်းညိုဖြစ်ပါစေ။

ရိုးမြင့်အောင် said...

တောကျွဲကြီးရထား နောက်တစ်ခါပြန်စီးမှာ သေချာကြည့်ဦးမယ်ဗျာ... တယ်လျှင်တဲ့မျက်လုံးပဲ... အကုန်ကိုမြင်ခဲ့တယ်... အဟတ်ဟတ်

မွန် said...

ဟေးး ပေါက်ကွဲသံစဉ်တွေ ပြီးတော့
ညိမ့်ညောင်းသံစဉ်လေးလာပြီဟေ့
ကဗျာလေးဖတ်ပြီး နေပူထဲရောက်သွားတယ်
ဖတ်ပြီး ဂျုံခငိးထဲရောက်သွားတယ်
ပြီး ဦးထုပ်ကလေးဆောင်းမိတယ်
ပြီး လေညှင်းလေးတစတိုက်သွားတယ်
ရင်ထဲမှာ အေးသွားတယ်

ညိမ်းညို said...

မကြီးပန်- ချစ်စရာကဗျာလေးလို့ အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူး :)
အေးသော ညိမ်းညိုဖြစ်နေပါပီဗျာ မော်စကိုဆောင်းတွင်းကြီးမို့ :P

လွမ်းလုင်- ဆြာလွမ်းရေ နောက်ထပ်မြင်တာတွေ ရှိသေးသဗျ :P

မွန်-ကွန့်မန့်ရေးတာကိုက ကဗျာလေးတစ်ပုဒ်လိုပဲဗျို့ :)

ကွန့်မန့်ရေးပေးကြတာ ကျေးဇူးအထူးပါပဲဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ :) :)

လင်းဒီပ said...

ကိုငြိမ်းညိုရေ..စီဘောက်မတွေ့လို့ ဒီမှာဘဲရေးခဲ့တယ်...ခင်ဗျားကဗျာလေးတွေကြိုက်လို့ Link လုပ်သွားပါတယ်ဗျာ..

Unknown said...

နှစ်ခါ ဖတ်လိုက်ရတယ်...။ အသုံးဝင်မှဆိုတာ အသုံးချတတ်သူရဲ့ အရည်အချင်းပေါ်လည်း မူတည်နေတာကိုး သူငယ်ချင်းရယ်...။

Layma said...

လေးမ လည်း ဂျုံရိုးဦးထုပ်မမြင်ဘူးဖူးဝေ..။

ကြားသားမိုးကြိုး.. ကဗျာဆရာက စကားတွေပြန်ပြောလို့ .. အစကတော့ ကေကိုပဲ ပြောတယ်လို့  အော်မလို့ .. တော်သေးရဲ့.. သေချာ ကြည့်မိလို့ ..။ :)

ညိမ်းညို said...

လင်းဒီပ- လင့်ချိတ်ပေးတာ ကျေးဇူးပါအကိုရေ...

အိပ်မက်မဲ- ဘလက်ကြီးရေ အဲဒီမက်ဆေ့လေးလဲ ပါသဗျ။
ရအောင်ဖော်သွားပေးတာ ကျေးဇူးဗျာ :)

အမလေးမ- အမရေ နေပြန်ကောင်းလာတာ ၀မ်းသာပါတယ်။ အမကွန့်မန့်တွေဖတ်ရတာ ကျနော်တို့အတွက် တအားပါပဲ။

SoeMoe said...

ဂျုံရိုးဦးထုပ်လေးမြင်ဘူးချင်တယ်..
ဂျုံရိုးဦးထုပ်လေးကလည်းကဗျာတပုဒ်ဖန်ဆင်းလို့ ရတာလဲနော်။

ညိမ်းညို said...

soemoe- ကဗျာက နေရာမရွေး ဒေသမရွေးမှာ ရှိနေနိုင်ပါတယ်။ တော်ဝင်သဇင်မှမဟုတ် တောပန်းလေးတစ်ပွင့်ကလဲ ကဗျာဂုဏ်မြောက်နိုင်တာပါပဲ
ပျော်ရွှင်ချမ်းမြေ့ပါစေ ကျောင်းစာတွေလဲ အိုကေပါစေ.. :)

Unknown said...

ဂျုံရိုးဦးထုတ်လေးမြင်ဘူးချင်ပါတယ်အဆင်ပြေရင်ပုံလေးနဲ့ တင်ပေးပါအုံး။

ညိမ်းညို said...

white - အဲဗျ ကျနော်က ဂျုံရိုးဦးထုပ်လေးတွေ တော်တော်များများ မြင်ဖူးကြမယ်ထင်ပြီးရေးလိုက်မိတာ၊
ဟုတ်ကဲ့ အခုလောလောဆယ်တော့ မရှိသေးဘူးဗျ။ ရှိရင်တော့ ပုံလေးနဲ့တင်တာ ပိုအဆင်ပြေမလားဘဲ :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

လုလင်ငယ်သွေး said...

ဂျုံရိုးဦးထုပ်ကိုတော့ ကျွန်တော်သိသဗျ။ ကဗျာရေးလို့ ရမှန်းတော့ ကိုညိုရေးတော့မှပဲ။ မြင်တတ်၊ ရေးတတ်တာလေးကို ချီးကျုးပါတယ်။ ခင်မင်လေးစားလျက်။