2 October 2008

သူတို့စားပွဲ

စားပွဲပေါ်မှာ
ဘီယာကရားလွတ်တွေသာ ငိုင်ကျန်ရစ်။

ရှေးဘ၀အဆက်ဆက်က
ချိန်းထားခဲ့သလို သူတို့ဆုံမိကြ
ဒိစားပွဲပေါ်မှာ ရယ်ကြ
ကလေးတွေအကြောင်းမေးကြ
တကယ်မေးချင်တာတွေ မေ့ထားကြ
ခဏနား၊ ခဏနားပြီး
နေပူကြီးထဲ
ကျားတွေလို နောက်ဂျွမ်းပစ် ပြန်ထွက်သွားကြ။

မောင်ပြည့်မင်း
ရနံ့သစ်၊ အောက်တိုဘာ၊ ၁၉၉၉

9 comments:

Unknown said...

ချစ်တဲ့ကဗျာလေးတွေနဲ့ အမြဲပျော်မွေ့နိုင်ပါစေ ကဗျာကဗျာ... ကေအို :)

အိုင်လွယ်ပန် said...

ကျေးဇူးပါအစ်ကို....

သက်ထွန်းညိမ်း said...

ဘိုညိမ်းစီဘုံးမတွေ့ပါလားဗျ
ကဗျာတွေကတော့ အကြိုက်တွေကြည့်ပဲဗျို့
ကျောင်းနဲ့ကောအဆင်ပြေရဲ့လား
စီဘောက်မတွေ့လို့ ဒီမှာပဲအော်ခဲ့တယ်ဗျာ

ဖြိုးငယ် said...

အေးဗျ ..ဘိုညိမ်း .. စီဘောက်လည်း မရှိဘူး .. ဘာမှကို မရှိဘူး

ညိမ်းညို said...

khine-ပေးတဲ့ဆုနဲ့ ပြည့်ပါစေ :)

အိုက်လွယ်ပန်- အမြဲလာဖတ်ပေးတာ ကျေးဇူးပါညီရေ..

သီဟညိမ်း- ဘိုစိုင်းရေ ကဗျာတွေ အကြိုက်တွေ့တယ်ဆိုလို့ ၀မ်းသာတယ်ဗျ။ ကျောင်းနဲ့လဲ အဆင်ပြေပါ့ဗျား :) မင်းတို့လဲ အိုကေပါစေ...

ဖြိုးငယ်- ကဖြိုးငယ်ရေ ပြင်တုန်းဆင်တုန်းမို့ပါနော ။

SoeMoe said...

ဝေမျှပေးလို့ ကျေးဇူးးးး
ဒါပေမဲ့အစ်ကိုကဗျာလောက်မကောင်း

ညိမ်းညို said...

soemoe- ဆရာတို့ကဗျာတွေက အကိုရေးတာထက် အကြောင်းအရာကော အရေးသားပါ အများကြီးပိုပြည့်စုံပါတယ်။

ညီမလေးရေ အားပေးတာကျေးဇူးဗျ။ ကေ့ကို မုန့်ဝယ်ကျွေးခိုင်းလိုက် အကိုကပြောတယ်လို့ :)

Unknown said...

ဝေမျှပေးလို့ ဖတ်ရတယ်ကျေးဇူးပါ။

ညိမ်းညို said...

white- ကွန့်မန့်အမြဲရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။