3 September 2008

မောင်ချောနွယ် စီးကြမလား

မောင်ချောနွယ်
၁၉၄၉ - ၂၀၀၂

မောင်ချောနွယ် စီးကြမလား

ညိုထက်ညို

အတ္တကို နာနာခွာ
နာနာခွာ
ကင်ပေတိုင် လက်သည်း ခွာသလိုခွာ
ပေါင်းစည်းရင်း ကွဲလွဲကြ
ကွဲလွဲရင်း ပေါင်းစည်းကြ
အနုပဋိလောမ ရုပ်ဝါဒ
ပဋိပက္ခ နဲ့ သမူဟ
သစ်တစ်ပင်လား တောအုပ်လား
တစ်ခါသားက
မှတ်သားဖူးတဲ့စကား
ငါ အခု မေ့သွား ပြန်ပြီလား
အားရင် ရွတ်ရွတ် မနေနဲ့ 
ဘာမှန်းမသိတဲ့ စကားလုံးတွေ
အားရင်ရေးရေး မနေနဲ့ 
အဓိပ္ပာယ်မရှိတဲ့ စာသားတွေ
တစ်ခါသားက
ချစ်သူရဲ့  တားမြစ်စကား
နားမထောင်မိတာ ငါမှားလား
ငှက်ကလေးရဲ့ ဖြည်းဖြည်းပျံ
ငါလွှတ်မယ့် ငှက်ကလေး ဖြည်းဖြည်းပျံ
ခြေတစ်ဖက်ချစာ ပေးပါလို့ 
အခု ဆုတောင်းပါရစေလား
တိုးလို့ တွဲလောင်းလက်သာ မြဲအောင်ကိုင်ထား
ပုဆိုးသာ ခိုင်အောင်ဝတ်ထား
အခု
မောင်ချောနွယ်မောင်းမယ့်
အနုပညာ အမြန်ယာဉ်ကလေး ထွက်တော့မှာလား ။ ။

(စက်တင်ဘာ၃၊ ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော ဆရာ မောင်ချောနွယ် သို့)

ညိုထက်ညို

ရထား၊ သမိုင်းဖတ်စာနှင့် ၅၆ပုဒ် ကဗျာစုစည်းမှု

ဆရာမောင်ချောနွယ်ကို ချစ်တဲ့၊ ဆရာ့ကဗျာတွေကို မြတ်နိုးတဲ့ ကဗျာရောင်းရင်းများအတွက် ရည်ရွယ်ပါတယ်။ ကျနော့်မှာရှိနေတဲ့ ဆရာ့ရဲ့ ကဗျာလုံးချင်း ၂အုပ်နဲ့ ဆရာ့ကဗျာတွေကို လှမ်းမီရာစုဆောင်းထားတဲ့ ကဗျာစာအုပ်တစ်အုပ်ကို တင်ပေးပါရစေ။ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က ဆရာမောင်ချောနွယ်ကို ဒေါသကို သိင်္ဂါရဖြစ်အောင်ရေးဖွဲ့နိုင်တဲ့ တစ်ဦးတည်းသောကဗျာဆရာလို့ ကင်ပွန်းတပ်ကြောင်း မှတ်သားဖူးပါတယ်။ လူငယ်ကဗျာဆရာအများစုကလည်း ဆရာ့ကို ကလပ်စစ်ခေတ်ပေါ်ကဗျာဆရာရယ်လို့ အမည်နာမပြု ချီးကျူးခေါ်ဆိုခဲ့ကြပါတယ်။ ကျနော်ကတော့ ဘယ်လိုခေါင်းစဉ်မျိုးတပ်ရမှန်းမသိအောင်ကို ဆရာ့ကဗျာတွေကို စွဲစွဲလန်းလန်းခုံခုံမင်မင် နှစ်သက်မြတ်နိုးမိပါတယ်။ မျိုးဆက်ကွာလှတဲ့အပြင် ဆရာမောင်ချောနွယ်ကို တစ်ကြောင်းခြစ် ရုပ်ပုံကောက်ကြောင်းမှလွဲ၍ ဓာတ်ပုံသော်မျှ မမြင်ဖူးပါ။ ဆရာ့ကဗျာတွေကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြောခြင်းဖြစ်ပါတယ်။ ကဗျာဓာတ်တွေ အမိအရမှုတ်ထုတ်နေတဲ့ အရပ်သားလေသံ၊ ပထမတန်းစား အာဇ္ဇ၀န်းနဲ့ ဆရာမောင်ချောနွယ်ရဲ့ခေတ်ပေါ်ကဗျာ မြို့ရွာသိမ်းပိုက်မှုများကိုမိတ်ဆွေတို့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ဆီမှာရှိတဲ့ ကဗျာစာအုပ်များ၊ ကဗျာမှတ်စု စာမှတ်စုများကိုလဲ ကျေးဇူးပြု၍ လက်တို့ပေးခဲ့ကြပါဦးခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ... :) :)

၁။ ရထား(ကဗျာရှည် ၄ပုဒ် စုစည်းမှု) download ယူရန်
၂။ သမိုင်းဖတ်စာ (ဆရာအောင်ချိမ့်နှင့် တွဲဖက်၍) download ယူရန်
၃။ ဆရာမောင်ချောနွယ်ကဗျာများ ( ၅၆ ပုဒ်) download ယူရန်
၎။ မောင်ချောနွယ် ကဗျာပြပွဲ (မြန်မာကျူးပစ်ဖိုရမ်မှ) download ယူရန်

ညိမ်းညို

9 comments:

Unknown said...

ဆရာမောင်ချောနွယ်ကို ခရေဇီဖြစ်တဲ့ ကဗျာဆရာရေ..
ဆရာ့လိုပဲ ကဗျာသား ကဗျာဓာတ်အပြည့်ပါတဲ့ ကဗျာကောင်းတွေ ဆက်လက်ရေးဖွဲ့နိုင်ပါစေ..။
အားပေးနေမယ်နော် :)

Nyo Htet Nyo said...

ညိမ်းညိုရေ….ဆရာ့ ပုံလေးနဲ့ တင်ပေးတာ တကယ့်ကို အမှတ်တရ ပါပဲဗျာ….အရာရာတိုင်း၊ နေရာတိုင်း၊ အဖြစ်အပျက်တိုင်း၊ ပြစ်မျိုးမှည့်မထင် တဲ့ အပျိုစင်ကောင်မလေး ကနေ လမ်းဘေးက ပြည့်တန်ဆာမကလေးအထိ အားလုံးမှာ တန်းတူရည်တူ ကဗျာဂုဏ်တွေ ရှိနေတယ် ဆိုတဲ့ လင်းပွင့်မှု ကို ပေးစွမ်းနိုင်ခဲ့တဲ့ ဆရာ့ကိုလည်း အထူးပဲ သတိရမိပါရဲ့ဗျာ…
ညိမ်းညိုလဲ ဆရာ့လိုပဲ ကဗျာဆရာအရင့်အမာ ဖြစ်ပါစေ လို့ တခါတည်း ဆန္ဒပြု လိုက်ပါတယ်ဗျာ…..

တင့်ထူးရွှေ said...

ကိုညိုထက်ရေ မောင်ချောနွယ် စီးကြမလား ကဗျာကောင်းလေးတစ်ပုဒ်ဖတ်ရတဲ့အတွက်ကျေးဇူးပါ ၊ ဘိုညိမ်းရေ “ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က”
ပါ အပါနော် ... ကျေးဇူးဗျို့ ။ ကျွန်တော်နားမှာ ၅၁ပုဒ်ပဲ ရှိတာ ...

မသက်ဇင် said...

ဆရာမောင်ချောနွယ်ရဲ့ ပုံလေးနဲ့တင်ပေးထားတဲ့
ဆရာကဗျာတွေကို အမှတ်တရဖတ်ရလို့ ကျေး
ဇူးတင်ပါတယ် ဆရာညိမ်းညိုရေ။
ကဗျာချစ်သူတိုင်း ခံစားချက်များ ဖေါ်ထုတ်နိုင်
ပါစေ။

သက်ထွန်းညိမ်း said...

ဘိုညိမ်းရေ...ဆရာမောင်ချောနွယ် ကဗျာတွေကို ဖော်ပြ
ပေးတာ ကျေးဇူးပဲဗျို့ ရှိသေးရင်ဆက်ပေးဦး...
အကုန်ယူထားလိုက်တယ်ဗျာ....
ကဗျာတွေဆက်လက်ရေးဖွဲ့နိုင်ပါစေဗျာ

mgngal said...

ကိုညိမ်းညို ကဗျာ စာအုပ်ဝေနေပါတယ် ။:D
ကျေးဇူးပဲ အစ်ကို ။

ဖြိုးငယ် said...

ညိမ်းညိုရေ ..ငါက မင်းဘယ်တော့ တင်မလဲ
မျှော်နေတာကွ .... ကဗျာဆရာက ပန်းချီလည်းကောင်းတယ်ဗျာ .. လေးစားတယ်

ရိုးမြင့်အောင် said...

ဆြာညိမ်း... ဒေါင်းလုပ် ဆွဲသြွးတယ်ဗျ.. များများလေး တင်ပေးပါဗျာ... မောင်ချောနွယ်တော့ မစီးဘူး ခင်ဗျားကို စီးပြီး ကဗျာ လမ်းကြောင်းထဲ ဝင်တော့မယ်... အဟတ်ဟတ်...

SoeMoe said...

ကဗျာဆိုအစ်ကိုကဗျာတွေဘဲကြိုက်တယ်..။