12 November 2007

စိတ်ကြိုးနှစ်စ




စိတ်ကြိုးနှစ်စ


ဒီလိုချည်နှောင်မိပြီ ဆိုတဲ့နောက်
ဝေးကွာခြင်း တစ္ဆေတစ်ကောင်ကို
ငါတို့သစ္စာတရားနဲ့ မန်းမှုတ်ခြွေသတ်ထားကြစို့ရဲ့

သံယောဇဉ်မြစ်ညှာက ညှို့တက်လာမဲ့ မိုးတွေ
ရေခြားမြေခြားနေသည့်တိုင်
ငါတို့ရဲ့ ခိုကိုးရာတိုင်းမှာ
လက်လက်စိုအောင် ရွာချလိမ့်မယ်

တစ်ယောက်ကိုတစ်ယောက်
ယုံကြည်ဖို့ မပြောဆိုကြတော့ဘူး
ယုံကြည်အောင်နေပြကြတဲ့ ချစ်သူနှစ်ဦးကြားမှာ
ဘယ်လို ရာသီဆိုးတွေကိုပဲ ဖြတ်သန်းနေရ,နေရ
အဖျားအနာ ကင်းရှင်းနေမှာပါကွယ်

ငါတို့ ခိုလှုံတဲ့ ချစ်ခြင်းရဲ့ရင်ငွေ့ဟာ
ဘာအရောင်မှ ခြယ်သ,မထားတဲ့
အဖြူရောင် ကင်းဘတ်စ တစ်ချပ်ပါ ချစ်သူရယ်..

"ချစ်တယ်" ဆိုတဲ့ အက္ခရာလေးနှစ်လုံးကို
( မြူနှင်းတွေ ဝေ့၀ဲလို့ ကျမလာမီ..)
ငါတို့ လေးလေးနက်နက် ရေးခြစ်ထားကြပါစို့

ညိမ်းညို

1 comments:

Kaung Kin Ko said...

မော်ဒန်ကဗျာ ပီပီ စကားလုံးအင်အားတွေ၊ အလင်္ကာတွေ က အရမ်းကောင်းတယ်ဗျာ။ ချစ်သူနှစ်ယောက်ဟာ ဝေးကွာနေပေမယ့် သစ္စာနယ်မြေမှာတော့ အတူတူရှိနေမှာပါဗျာ။ ကဗျာ blog တခုအသစ်တွေ့ တိုင်း ဝမ်းသာပီတိဖြစ်ရပါတယ်ဗျာ။