8 November 2007

စေတသိတ်

စေတသိတ်

တမျှော်တခေါ်
ရိုးပြတ်လယ်ကွင်းတွေကြား
တောငွေ့ တောင်ငွေ့ တွေ ပျံ့ လွင့်နေပုံက
ရစ်ခွေဆန်တက်သွားတဲ့
စမ်းချောင်းလေးပမာ။

ကဗျာဆရာတစ်ဦး
လွမ်းဖူးတယ်လေ
ချစ်ဦးသူမဟုတ်
ကျေးလက်က..
လုပ်သားမောင်မယ်များကိုသာ.. ။

ညိမ်းညို

1 comments:

Layma said...

ကျေးလက်ဆိုတာ...ဒီလိုမြင်ကြည့်..ဒီလိုပန်းချီဆွဲ..ဒီလိုကဗျာဖွဲ့ ကြည့်ရင် သိပ် .......လွမ်းစရာကောင်းတယ်...။