3 November 2007

အဆိပ်သင့်မိုင်တိုင်မှ ပဲ့ထွက်လာသောအစိတ်အပိုင်းများ (၃)

* လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး အကြောင်းအရာအမျိုးမျိုး အခြေအနေအမျိုးမျိုးနဲ့ဆက်စပ်နေကြတယ်။ ဘာအကြောင်းနဲ့မှ ဘယ်သူ့ကိုမှ မထီမဲ့မြင် မထီလေးစား မလုပ်သင့်ဘူး။

* ဘယ်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့ မနေရတဲ့၊ ဘာကိုမှ စိုးရိမ်ပူပန်မှုမရှိတဲ့ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။

* အမှားတွေကို တစ်ထိုင်ထဲနဲ့ ပြုပြင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်နေ့ထက်တစ်နေ့ ကိုယ့်မှာရှိတဲ့ အမှားတွေကို သိ,သိပြီးတော့ ပြုပြင်သွားနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။

* အသက်အားဖြင့် ဂုဏ်အားဖြင့် ရိုသေတတ်ရမည်၊ စာနာငဲ့ညှာတတ်ရမည်၊ လေးစားမှုရှိရမည်။ ထိုမှတပါး
- လူနှင့်လူချင်း အောက်ကျို့ ဖို့မလို
- လူနှင့်လူချင်း တင်စီးဖို့မလို

* ကိုယ်မသိလို့မေးရင် စိတ်ရှည်ရမယ်။

* ဒီလိုလူတွေနဲ့ မဆက်ဆံချင်ပါဘူး။ ငါလည်း သူတစ်ပါးအတွက် ဒီလိုလူမျိုးမဖြစ်အောင် နေမယ်။
- စိတ်ထဲကမပါဘဲနဲ့ "ဖောရှော" များတဲ့လူ
- တကယ်မသိဘဲ၊ မတတ်ဘဲနဲ့ ဟိတ်ဟန်များတဲ့လူ
- အောင်မြင်တဲ့ကိစ္စဆိုရင် အလုအယက် လက်မထောင် ရင်ဘတ်ပုတ်ပြတတ်ပြီး မအောင်မြင်တဲ့ကိစ္စဆိုရင် သူများကို လက်ညှိုးထိုး အပြစ်ပုံချတတ်တဲ့လူ

- အဆိပ်သင့်မိုင်တိုင်တစ်ခုက မိမိကိုယ်မိမိ ပြောထားခြင်းမျှသာ ဖြစ်ပါတယ်။ ဘယ်သို့မျှ ရည်ရွယ်ခြင်းမရှိပါခင်ဗျား။

ညိမ်းညို

1 comments:

ကလိုစေးထူး said...

ကိုယ့်ကိုယ်ကိုပဲ ပြောပြော၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက နားလည်လက်ခံနိုင်စရာ အချက်တွေချည်းပါပဲ ကိုညိမ်းညို။ မှတ်သားသွားပါတယ်ဗျာ။ တခါတလေတော့လည်း ဒီဘက်ကို အရောက်အပေါက် ကျဲပါးတတ်တယ်။ ခွင့်လွှတ်ပါ။ :)