4 November 2008

ခဲခြစ်မိုးတိမ်

ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေ
သားအတွက် အရှုံးကြီးလှပါတယ်
သူငယ်ချင်းတစ်ယောက်က ပြောတယ်
မင်းက ကဗျာသရဲပဲ၊ အစွန်းရောက်နေပြီတဲ့
သူမသိသေးလို့ဖြစ်ပါလိမ့်မယ် အမေရယ်
သားကလေ....အခွင့်ရှိမယ်ဆိုရင်
ကဗျာဘီလူးကြီးတောင် ဖြစ်လိုက်ချင်တာအမေရဲ့။

အခု...သားလေ
မျက်ရည်စစ်စစ်တွေပဲ လိုချင်နေမိပါတယ်
သားစိတ်တွေ တစ်ထစ်ယဉ်ကျေးဖို့
တခါလောက်ဖြစ်ဖြစ် ငိုလိုက်ချင်လို့ပါ အမေရယ်...။

ညိမ်းညို

11 comments:

Unknown said...

မင်းက ကဗျာဘီလူးဆို .. ငါက ကဗျာသဘက်
လုပ်လိုက်ရမလား

Unknown said...

ငိုချင်ရင်ငိုချလိုက် နော်..

တင့်ထူးရွှေ said...

မျက်ရည်စစ်စစ်တွေပဲ ငိုချလိုက်ပါတော့ ကဗျာဘီလူကြီးရေ ။

သက်ထွန်းညိမ်း said...

အင်း ဘိုညိမ်း ခံစားချက်တွေလားဗျာ
မျက်ရည်စစ်စစ်တွေငိုချလိုက်ပါ ဘီလူးတော့မကဘူးဗျ
ဘိုညိမ်းက ကဗျာ ဂုမ္ဘာန်ယက္ခ အားကျပါဘိဗျာ
ကဗျားလေးကြိုက်တယ်ဘိုညိမ်းရာ

လင်းဒီပ said...

ကောင်းပါတယ်
တခြားကိစ္စတွေမှာ ဘီလူးဖြစ်ရတာထက် ကဗျာမှာ ဘီလူးဖြစ်ရတာ...

အဲဒီတောက်လောင်မှုတွေနဲ့ပဲ ဘဝကိုမောင်းနှင်နေကြတာ..

ပျံသန်းခြင်းရပ်ဝန်း said...

ကွန့်ရတာပျင်းလို့၊ပြီးတော့..
.ကွန်မန့်တွေများနေရင်လည်းမရေးချင်လို့ပါ..။အမြဲဖတ်ဖြစ်ပါတယ်..ကိုညိမ်းညိုရေ.။နည်းနည်းချင်း
ဖတ်နေတာ ၁ လ ကျော်ပြီ..ဒီနေ့တော့တော်တော်ကိုပြီးသလောက်
ရှိသွားပြီ။ဆက်လက်အားပေးလျက်ပါ....။

မွန် said...

ကဗျာသမား ဘယ်တော့မှ ချစားမှာမဟုတ်ဘူး
ကဗျာဘီလူး ဘယ်တော့မှ ဘဝကူးမှာမဟုတ်ဘူး

Unknown said...

ခဲခြစ်မိုးတိမ်ပေါ်ကကဗျာဘီလူးဖြစ်ချင်နေတဲ့ ကဗျာဆရာရဲ့ ကဗျာတွေကိုအားပေးလျှက်ပါ..။

SoeMoe said...

မိုးတိမ်ပေါ်မှာခဲခြစ်နိုင်တဲ့ကဗျာဘီလူးပေါ့.. :P

Unknown said...

ကုန်ပြီ..ကုန်ပြီ...။ ရှိသမျှစကားလုံးတွေ မင်းယူသုံးလို့ ကုန်ပြီ....။

Layma said...

ကဗျာ ဘီလူး ဆိုပါလား...
ဘီလူးဆိုတဲ့ ဂုဏ်ပုဒ်တောင် ကဗျာဆိုတဲ့ စာသားလေးနဲ့  တွဲလိုက်တော့ နှစ်လို ဖွယ်ရာ ဖြစ်သွားတယ်.....။
မျက်ရည် အစစ်တွေ .. နှာရည်အစစ်တွေ နဲ့  ငိုလိုက်ပါ.. သားရယ်..။ :P