3 November 2008

ဖောက်လွဲဖောက်ပြန် ရာသီ

စိမ်းမြလတ်ဆတ်
ရွက်သစ်နုလေးတွေ
စူးရဲနေခြည်ထဲ
ခပ်ရဲရဲ တိုးထွက်လာခဲ့ကြပြီ
ရာသီက ပူတယ်မို့လား။

အခုလေ
နွေခေါင်ခေါင် မိုးထစ်ချုန်း
ပြုံးနေတဲ့ ရွက်သစ်နုလေးတွေ
အတုန်းအရုန်း ဖျားနာကြဦးတော့မယ်။

ညိမ်းညို

5 comments:

mgngal said...

အခုတလော အစ်ကို ပတ်ဝန်းကျင်က အရာတွေ အကြောင်း
အရေးများတယ် ။ စိတ်ကို စားကျက်လွတ်ထားတယ် ထင်ပ။
အဆင်ပြေပါစေ အစ်ကို။

Layma said...

ရာသီဥတုက နေရာတိုင်းမှာ ဖောက်ပြန်နေတယ်လား..။

Unknown said...

ရာသီဥတုလည်းလူတွေနဲ့ တူလာပြီထင်တယ်.။

Unknown said...

ပြောနေကြတိုင်းအရမ်းကောင်းတဲ့ ကဗျာတပိုဒ်ပါ.။

SoeMoe said...

အခုတော့ရာသီဥတုကအေးနေပြီ.:P