9 October 2008

ခေတ်ပေါ်ကဗျာသတင်း

မသီးခင်ကြွေတဲ့ သရက်ပွင့်တစ်ချို့
မြေပြင်ပေါ်မှာ တဖြုတ်ဖြုတ်
ပန်းချီဆရာ
ကဗျာဆရာ
ဆိုက်ကားဆရာ
ဆ-လိမ်နဲ့ ရာတဲ့ ဆရာ
အမွေးခက်၊ အနေခက်၊ အသေခက်
ကျွန်တော်တို့လက်တွေ
ဖြတ်ပစ်လိုက်ရမှာလား ။ ။

ကေမျိုးငြိမ်း

9 comments:

Unknown said...

ကဗျာဆရာတွေ...
အနုပညာရှင်တွေ....
လူတန်းစားအသီးသီးရဲ့ လက်တွေ
လွတ်လပ်သန်မာစွာ ဖြစ်ထွန်းခွင့်ရှိကြ၊ ရကြပါစေလို့ ...

Anonymous said...

မဖြတ်ပါနဲ့ ဆရာရယ် ဒီလက်နဲ့ ပဲ အနုပညာပန်း ကဗျာပန်းတွေကို ဖန်းတီပါအုံးလို့  ဘယ်သူ့ အတွက်မှမဟုတ်ရင်တော့ ကိုယ့်အတွက်တော့ကိုယ် ချယ်မှုန်းပါအုံးး

အဆင်ပြေပါစေညီလေးရေ့ :)

thihanyein said...

အဟေး ဘိုညိမ်း အဒူရေးတာလဲဂျ
ကဗျာကောင်းလေးဗျာ ဂွတ်တယ်
ဆ လိမ်နဲ့စတဲ့ဆရာတွေ
လက်တော့မဖြတ်ပါရစေနဲ့ဗျာ
ဟားဟား

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ကဗျာ ဘိုညိမ်းရာ .. အမှန်ပါပဲ .. မျှဝေပေးတာ ကျေးဇူးဗျို့

Layma said...

လက်တွေက ရိုက်ချိုးခံရပြီးသားပါ...။

Unknown said...

ဝေမျှပေးလို့ ကဗျာကောင်းတွေဖတ်ရတယ်။

Anonymous said...

မဖြတ်နဲ့ဦးဗျ... လက်ဆွဲနုတ်ဆက်ရင်... ခက်နေမှာ ဆိုးလို့.... အဟတ်ဟတ်...

ညိမ်းညို said...

khine- ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကေရေ ... :)

မောင်မျိုး- မဖြတ်ပါဘူး လက်တွေဖြတ်ပလိုက်ရင် ထမင်း ဘာနဲ့ သွားစားမလဲ :P အဟဲ နောက်တာ ညီလေးရေ...

thihanyein- ဘိုစိုင်းရေ ကဗျာဆရာ ကေမျိုးငြိမ်း ရေးတာဗျ။ ကျနော် အောက်မှာလဲ နာမည်တပ်ထားတယ် :)

ဖြိုးငယ်- ကဖြိုးငယ်ရေ အမှန်ပဲဆိုပီး ဖြတ်မပစ်လိုက်နဲ့ဦးနော် :D

layma- အစ်မလေးမရေ လက်က အခုမှ ဒဏ်ရာရထားပါတယ်ဆို ဒီကဗျာဆရာတော့ နာချင်ပြီထင်တယ် လို့ မတွေးမိဘူးလားဗျ :P

white- ပြန်ကူးတင်ပေးတဲ့ ကဗျာတွေကို နှစ်သက်တယ်ဆိုလို့ ၀မ်းသာရပါတယ်ခင်ဗျာ။

လွမ်းလုင်- ဆြာလွမ်းရေ မဖြတ်ဘူးဗျ စိတ်ချ ..
ဒီလက်နဲ့ ကျောက်အုတ်တွေ စီရဦးမယ် :)

SoeMoe said...

ကဗျာသတင်းကိုလာဖတ်ပါတယ်အစ်ကိုရေ.....