22 October 2008

အိပ်မက်ထဲက အညာနွေ

အညာနွေ မြိုင်ဟေတစ်ဝှမ်းမှာဖြင့်
တမာတွေ ကြိုင်ဝေလျှမ်းပြီထင့်
လွမ်းချင့်စရာ။

နွေဦးအဖော်
လေရူးနော် ရိုးပေါ်ဖြတ်လေပလား
တိုးကပ်လို့ လာခဲ့မည်
ရွာဆီသို့ အငေး။

ငေးမိလျှင် ထိုစဉ်ခဏချင်းပါပဲ
နှင်းဇာမှုန် မြူးသုန်နှောက်ဝေပေါ့
လင်းအရုဏ် ကူးခုန်ရောက်လေတော့
အညာနွေ အိပ်မက်ကလေးမှာလဲ
သာပါစေ စိတ်ဂယက်လေးမှာပဲ
အစက်ကလေးတို့ ပြယ်ရရှာတယ်
သြော်... အောက်မေ့ဖွယ် အဆွေး။

ညိမ်းညို

17 comments:

Unknown said...

ုအညာနွေ အိပ်မက်ကလေးနဲ့ အတူ................

Unknown said...

အိပ်မက်တွေမက်ပီးလွမ်းနေတယ်နော်..ကဗျာဆရာပြော..
အညာမှာဘာလွမ်းစရာတွေကျန်ခဲ့လဲ.. :P :P

Kaung Kin Ko said...

ညီလေးက ဂန္တဝင် ပုံစံ ကဗျာလည်း ပိုင်တာပဲ။

ဖြိုးငယ် said...

ငါ့ဆရာလည်း ကာရန်တွေ ပြန်လိုက်နေပါလား .. ကောင်းတယ်ဆရာရေ .. မအားပေမဲ့ အသစ်တင်ရင်တော့ ခင်ဗျားကဗျာကို လာဖတ်ရမှ ကျေနပ်တာ ....

အိုင်လွယ်ပန် said...

လွမ်းစရာကာရံလေးနဲ့ပါလားကိုညိမ်းရ......

Anonymous said...

ကဗျာလေး ရွတ်လို့ ကောင်းတယ်း) ငယ်ငယ်က ကျောင်းစာ ကျက်ခဲ့ရသလိုပဲ ။

mgngal said...

ကိုညိမ်း မဲဇာတောင်ခြေ ရောက်နေရော့ သလား ။ :D
ကာရန်တွေမိတော့ ဖတ်လို့ ကောင်းသဗျာ ။ ကြိုက်သွားပြီ။
အနှစ်တွေကြီးပဲ ။

တင့်ထူးရွှေ said...

အညာနွေ ရှည်လွန်းတယ် ၊ အညာနွေကြာလွန်းတယ် ...
အဲဒီသီချင်းလေး သွားသတိရတယ်၊ ကောင်းပ ဆရာရယ် ။

thihanyein said...

မျိုးစုံရပါပေါ့ ဘိုညိမ်းရေ လွမ်းတောင်လွမ်းသွားတယ်

Thargyi(Gyobingauk) said...

ဒီလိုကဗျာမျိုးလဲရတယ်ဗျာ.....
ကောင်းပါ့......

အညာသား said...

`သြော်.... အောက်မေ့ဖွယ် အဆွေး...´
ကျုပ်တော့ ခင်ဗျားကဗျာကြောင့်ပဲ.. ရွာကို အလွမ်းပိုရတယ် ဆြာငြိမ်းရာ...

SoeMoe said...

လွမ်းသွားပီ..။ :P

မင်းကျန်စစ်။ said...

ဆြာညိမ်းကတော့ လွမ်းရအောင်လုပ်လိုက်ပြန်ပီနော်...

Kyaw Myat Thu said...

ကျောင်းတုန်းက သင်ခဲ့ရတဲ့ ဘိုးသူတော် ဦးမင်း (လို့ထင်တယ်. လူဦးမင်း ကတော့ နန်းတွင်း အဖွဲ့တွေ ရေးတယ်လို့ မှတ်ထားမိလို့) . နဲ့ ဦးကြင်ဥ. နောက် ၀န်ကြီး ပဒေသရာဇာ တို့ အရေးအဖွဲ့တွေ ကို ပြန်သွားသတိရမိသွားတယ်. ဒီကဗျာလေး ဖတ်ပြီး.. အညာက ထန်းသမား မိသားစု အဖွဲ့တို့။ ယာသမား မိသားစု အဖွဲ့တို့.ကတော့ ကိုယ်တိုင်လည်း အညာသား ဆိုတော့ ဖေးဘရိတ် အဖွဲ့အနွဲ့တွေပေါ့. အခုလည်း ဒီတစ်ပုဒ်ပါ ထည့်ထားလိုက်တယ်. ဆြာညိမ်းရေ. :)

Layma said...

မှော်ဆရာက လေးမ ပြောမှာတွေ လုပြောသွားတယ်..။
လွမ်းစရာလေးတွေ ရှိနေတော့လည်း လွမ်းရှာတာပေါ့နော်..။ Jk

မွန် said...

ဒီလိုကဗျာလေး ပိုကြိုက်တယ်
လွမ်းပ

Unknown said...

အိပ်မက်ထဲကနေအညာကိုရောက်သွားတယ်ပေါ့..။ :P