13 October 2008

မာနခဲ (၃)

အပူတွေ ငုံထားတဲ့ရင်အုံကြီးပါ
အဆိပ်အတောက်မပါဖို့တော့ ရဲရဲကြီး အာမခံတယ်
အနုပညာဓားသွားနဲ့ သန့်စင်ဖြတ်တောက်ပြီးမှ
အသားတန်းမှာ ချိတ်ဆွဲပေးလိုက်မယ်။

ညိမ်းညိုက
ကိုယ့်အပူ ကိုယ်ငုံထားဖို့
ကိုယ့်ရင်အုံနဲ့ လုံလောက်အောင်နေတယ်။

ညိမ်းညို

6 comments:

ဖြိုးငယ် said...

ကောင်းတယ် ညိမ်းညိုရေ .. ၃ ပုဒ်စလုံးကောင်းတယ် ..
ငါလည်း မအားပေမဲ့ မင်းတို့ အသစ်တင်ထားတာ တွေ့ရင်တော့ လာဖတ်ဖြစ်တယ် ... မဖတ်ပဲ မနေနိုင်လို့

Unknown said...

အပူတွေငုံထားတဲ့ငြိမ်းညို
အေးချမ်းပါစေကွယ်...

Anonymous said...

၃ ပုဒ်လုံးကြိုက်တယ် ကိုယ့်ရင်အုံနဲ့ လုံလောက်အောင်နေတယ်ဆိုလို့  ဘာမှမပြောခဲ့တော့ပါဘူးးးလေ အဆင်ပြေမှာပါ။

Unknown said...

ကဗျာဆရာမာနအရမ်းကြီးတယ်..အဆင်ပြေပါစေ

Layma said...

အထဲက ကလီစာတွေ အသားတန်းမှာ တကယ်တင်မှာလား...။
ကြောက်စရာကြီး...။

ကဗျာ ၃ ပုဒ်လုံး မာနခဲ ဆိုတဲ့ နာမည်နဲ့  လိုက်တယ်

Unknown said...

မာနခဲကဗျာတွေကိုအားလုံးဖတ်သွားတယ်..။