19 August 2008

မီးခတ်ကျောက်

"ရာဇ၀င်ကား
နှလုံးသားမရွှေ့လျှင်
ရွေ့ရိုးထုံးစံမရှိချေ".....ဖော်ဝေး

သမိုင်းတစ်ခေတ်
တိုးတက်ဖြစ်တည်
ရှေ့သို့ချီလော့
ညီနောင်ဆွေရင်း
သူငယ်ချင်းတို့။

ခုချိန်ခါမှာ
ဘယ်သူကဘာ
အပေါ်ယံအလွှာ
မာယာများလွန်း၏
မနက်ဖြန်ခါ
သဘက်ခါ
အရေပြားတွေကွာကျ
အခွံတွေကွာကျ
အဲဒီတစ်နေ့မှာ
ဘယ်သူကဘာ
ပကတိမျက်နှာ
ကွင်းကွင်းကွက်ကွက်
ပြက်ပြက်ထင်ထင်
မင်းတို့ငါတို့
မြင်ရမယ်။

ငရုတ်မှန်ရင် ရဲရဲစပ်
မြွေမှန်ရင်တော့ တွင်းဝင်ဖြောင့်စမြဲ။

အမှန်တရား၏မျက်နှာမှတစ်ပါး
အခြားသောမျက်နှာတို့အား
ထောက်ရှုငဲ့ညှာခြင်းငှာ
မပြုစကောင်း။

အို...
သန္ဓေမှန်သော အလင်းငှက်တို့
သမိုင်းအမှန်ကို မြွက်ကြားဖို့
ငါတို့ ပန်ကြား၏။
အပေးအယူ အလျဉ်းကင်း၍
ဖေးကူခြင်းတို့ လင်းစေပွင့်စေသား။

ညိမ်းညို

15 comments:

Unknown said...

အမှန်တရားရဲ့ ဘက်တော်သားကြီးးး
ကဗျာတွေ " လွှတ်" ကောင်းနေပါလားး
ဘာတွေပေါက်ကွဲနေလဲ..။
:P :P :p

Nyo Htet Nyo said...

ညိမ်းညို...၁၉၈၀တဝိုက်လောက်တုန်းက ကဗျာတွေသတိရမိတယ်...ကောင်းတယ်ဗျာ..ပုံသဏ္ဍာန်စုံစုံရေးသားပဲ...ကျွန်တော်သတိပြုမိတယ်...ဆရာဖော်ဝေးနဲ့ ဆရာမောင်လေးအောင်တို့ကိုလည်း သတိရမိရဲ့...ကောင်းတယ်ဗျာ....

Anonymous said...

“ဘယ်သူကဘာ
အပေါ်ယံအလွှာ
မာယာများလွန်း၏ ” တဲ့ ကျနော်က အပေါ်ယံမဟုတ်ဘူးနော့်း) အတွင်းလွှာ အခုရက်ပိုင်းကဗျာလေးတွေက ပေါက်ကွဲချင်နေတဲ့ ဗုံးငယ်လေးတစ်လုံးလို အငွေ့ လေးတွေထွက်နေသလိုပဲ လာရတာ ခပ်ကြောက်ကြောက် ။

ein said...

အပေးအယူ အလျဉ်းကင်း၍
ဖေးကူခြင်းတို့ လင်းစေပွင့်စေသား...း)

pandora said...

လောလောဆယ်တော့ ဖေးကူခြင်းအတွက်ကိုပဲ အပေးအယူတွေနင်းပြီးမှ ရနေတယ်မဟုတ်လား။

မည်သို့ပင်ဖြစ်စေ ကောင်းသော အပေးအယူဖြင့် ပြောင်းသောတေး တလူလူလွင့် မာယာကင်းတဲ့ ငြိမ်းချမ်းပွင့်တို့ ဖူးဝင့်တင့်တယ်လာနိုင်ပါစေလေ။

Layma said...

ပကတိမျက်နှာ
ကွင်းကွင်းကွက်ကွက်
ပြက်ပြက်ထင်ထင်
မြင်လိုက်ရပါပြီ...
သို့ သော်
သမိုင်းအမှန်ကတော့ ပြက်ပြက်ထင်ထင်မြင်ဖို့  ခက်နေသေးတယ်..။ ဖုံးကွယ်မှုပေါင်းများစွာက လျို့ ဝှက်သိုင်းကျမ်းတစ်ခုလို.......

Unknown said...

ငရုပ်မှန်ရင်ရဲရဲစပါ မြွေမှန်ရင်တွင်းဝင်ဖြောင့်စမြဲတဲ့ ကဗှာလေးကထိတယ်အစ်ကိုရေ

SoeMoe said...

ကောင်းလိုက်တဲ့ ကဗျာလေး..။

ထိပေ့သျှင် said...

(အမှန်တရား၏မျက်နှာမှတစ်ပါး
အခြားသောမျက်နှာတို့အား
ထောက်ရှုငဲ့ညှာခြင်းငှာ
မပြုစကောင်း။)


မင်း ရဲ့ စကားလုံးတွေက မင်းရဲ့ စိတ်ဓါတ်ကို ထင်ဟပ်နေတယ်။

mgngal said...

အို…. အရောက်နောက်ကျလေစွ။ 

Kaung Kin Ko said...

ကဗျာလေး ကောင်းလိုက်တာ ညီလေးရာ

Unknown said...

ခုချိန်ခါမှာ
ဘယ်သူကဘာ
အပေါ်ယံအလွှာ
မာယာများလွန်း၏
မနက်ဖြန်ခါ
သဘက်ခါ
အရေပြားတွေကွာကျ
အခွံတွေကွာကျ
အဲဒီတစ်နေ့မှာ
ဘယ်သူကဘာ
ပကတိမျက်နှာ
ကွင်းကွင်းကွက်ကွက်
ပြက်ပြက်ထင်ထင်
မင်းတို့ငါတို့
မြင်ရမယ်။

အစ်ကို့ကဗျာတွေ လာမဖတ်ရတာတောင် ကြာပေါ့
အမှန်တရားဆိုတာ အချိန်နဲ့တိုင်းတာရမယ့်ဟာဆိုရင်
အချိန်တစ်ခုကိုလိုအပ်မှာပေါ့နော်
ကဗျာလေးကောင်းတယ်

Chaos said...

သူများအီးမေးသုံးနေတုန်း ကွန်မန့်ဝင်ပေးလိုက်တာ
လူများဟာနဲ့ဖြစ်သွားတယ်အစ်ကို
အပေါ်ကကွန်မန့်လေးပြောတာပါ

Mhaw Sayar said...

ငရုတ်သီးဆို စပ်မှ ကြိုက်တယ်. အ၇မ်း မိုက်တယ် ညီလေးရေ. ယောက်ျားသွေးဆိုရဲမှပေါ့...Great poem!

Unknown said...

အပေးအယူ အလျဉ်းကင်း၍
ဖေးကူခြင်းတို့ လင်းစေပွင့်စေသား။
အရမ်းကိုကောင်းတဲ့ ရည်ရွှယ်ချက်လေးတစ်ခုပါ..။