2 August 2008

လူတောမတိုးတဲ့ကောင်

ပါးစပ်ကြီးနဲ့ အရေးကြီးနေတဲ့
ပါးစပ်ကြီးနဲ့ စေတနာထားနေတဲ့
ပါးစပ်ကြီးနဲ့ မခံမရပ်နိုင်ဖြစ်နေတဲ့
ပါးစပ်ကြီးနဲ့ ကြေကွဲနေတဲ့
ပါးစပ်ကြီးနဲ့ ခံစားနေတဲ့
ပါးစပ်ကြီးနဲ့ စာနာနေတဲ့
ပါးစပ်ကြီးနဲ့ ကူညီနေတဲ့
ပါးစပ်ကြီးနဲ့ တက်ကြွနေတဲ့
ပါးစပ်ကြီးနဲ့ ပညာရှိနေတဲ့
ပါးစပ်ကြီးနဲ့ ဆော်သြနေတဲ့
ပါးစပ်ကြီးနဲ့ ဦးဆောင်နေတဲ့
ပါးစပ်ကြီးနဲ့ အနစ်နာခံနေတဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
ပါးစပ်ကြီးနဲ့ ပါးစပ်ကြီးနဲ့
အဲဒီလို……
ပါးစပ်ကြီးသမားတွေကို တူးတူးခါးခါးမုန်းတတ်တဲ့
သူ့စိတ်ကလေးကိုသာ ပြုပြင်လိုက်မယ်ဆိုရင်
အင်း…မဆိုးပါဘူး
ဒီကောင်လေး လူတောတိုးနိုင်တယ်။

ညိမ်းညို

23 comments:

Anonymous said...

ကောင်လေး
မင်းစိတ်ကလေးကို ပြုပြင်လိုက်
ဒါဆိုမဆိုးဘူး
... :p :p

mgngal said...

ဂွတ်ထ ဟဟ

MgThaJan said...

လူတောတိုးပြီး ဘာလုပ်ဖို့တုန်း :P

Anonymous said...

ပါစပ်ကြီးနဲ့ ပြောသွားတယ် ဒီကဗျာကိုကြိုက်တယ်လို့း)

Anonymous said...

ပါးစပ်ကြီးသမားတွေကို တူး၂ခါး၂ မုန်းတတ်တဲ့ ကောင်လေးကို ... သူ့ လို လူတောမတိုးသူတွေက အလွန်အမင်း ခင်တတ်ကြပါတယ်း)

Unknown said...

လူတွေအားလုံးကအဲဒီပါးစပ်ကြီးနဲ့ ကြိုက်သလိုပြောပီးကြိုက်သလိုလုပ်ကြတာလဲလေ..။
ကဗျာကောင်းလေးဖတ်ရတာကျေးဇူး..။

နှင်းပွင့်ဖြူ said...

မျက်စိနဲ့ လာဖတ်သွားတယ် :P

တင့်ထူးရွှေ said...

ပါးစပ်ကြီးနဲ့ အကြီးအသေး သေချာခွဲဖတ်သွားတယ်ဗျ ။

SoeMoe said...

ပါးစပ်ကြီးနဲ့ ..ပါးစပ်ကြီးနဲ့ ..ပါးစပ်ကြီးနဲ့ ..
ကဗျာတွေဆက်ရေးကောင်းတယ်လို့ .........................
:P :p

Anonymous said...

ပါးစပ်ကြီးကို အတော်မုန်းပုံပဲ မလှလို့လား... ပဲ့တင်တွေထပ်အောင်အော်သွားတယ်.

Unknown said...

ပါစပ်ကြီးနဲ့ အော်ဖတ်ပြီး... မျက်လုံးကြီးနဲ့ အကြီးအသေးခွဲ... လက်ကြီးနဲ့ ကွန်မန့် စာရိုက်သွားပါတယ်ခင်ဗျ... ကောင်းပါ့ဗျာ

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်ကွာ။
အင်း..လူတောတိုးအောင် ပါးစပ်ပြဲပြဲနဲ့ ကောင်မလေးတွေကို ချစ်ဦးမှ :P

လင်းဦး(စိတ်ပညာ) said...

ဟဲဟဲ... ညီလေးရေ.. ကောင်းပြန်ပြီကွ...... ပါစပ်ကြီးနဲ့.. :)

ein said...

ဟုတ်ကဲ့ ညိမ်းညိုပြောသလိုပေါ့...:P

ဇင်ယော် said...

ပါးစပ်ကြီးတွေမုန်းတဲ့အကြောင်းကို မျက်မှန်ကြီး တတ်လို့ ဖတ်ရင်း ရင်ဘတ်ကြီးထဲ ထည့်ပြီးခံစားသွား ပါတယ်။

Unknown said...

အင်းးးး ဒီကောင်လေးမဆိုးဘူးဘဲ...... :P :p
ကဗျာအရေးကောင်းတယ်.................။

mo3s3t said...

ကောင်းတယ်ညီလေးရေ ...

layma said...

ပါးစပ်ကြီး နဲ့  ပတ်သက်လို့  လက်ကြီး နဲ့  အာလူးဖုတ်သွားဦးမယ်..။
ကောင်လေး.. လူတောတိုးချင်ရင်တော့ လူ့  အကြိုက်လိုက်.. လူကျင့်လူကြံ ကြံရပေမပေါ့..။ ဒါနဲ့ နေပါဦး.. လူတောမတိုးတော့ရော .. အသက်ရှင်လို့တော့ ရတယ်မို့ လား..။

Black Dream said...

ကောင်းလိုက်တဲ့ အရိအထေ့လေးတွေကွာ...။

zeRoTraSh said...

ပါးစပ်ကြီးသမားတွေကို တူးတူးခါးခါးမုန်းတတ်တဲ့
သူ့စိတ်ကလေးကိုသာ ပြုပြင်လိုက်မယ်ဆိုရင်
အဲဒီ့ပါးစပ်ကြီးကို အာပုပ်နံ့ပျောက်အောင်
သွားတိုက် ပါးလုပ်ကျင်းခိုင်းလိုက်တာ ပိုကောင်းမယ် :D

အညာသား said...

“မင်းရဲ့စိတ်ကိုပြုပြင်အုံးဟေ့” ဆိုတဲ့ သီချင်းလိုပေါ့။

မင်းကျန်စစ်။ said...

ဟားဟားဟား ဟိုးဟိုးဟို ဟီးဟီးဟီး

လုလင်ငယ်သွေး said...

ပြောချင်တာကို သဘောပေါက်ပါတယ်။ လူတောမတိုးလဲ ဘာဖြစ်လဲဗျာ။ ပါးစပ်နဲ့ အလုပ်လုပ်တဲ့သူတွေကို အထင်မကြီးဘူး။