4 August 2008

ငါတို့နဲ့ ခေတ်ကြီးနဲ့

"လမ်းတွေက
ငါတို့ထင်သလောက်
ဖြောင့်တန်းမနေပါဘူး ဘိုညိမ်းရာ"
ဟေး ဘိုတင့်
အမြိုက်တရားမှာ
အမိုက်အမှားတွေမလာရဘူးလို့ ဘယ်သူပြောလဲကွ
လာ...
ငါတို့
ကဗျာပြိုင်စပ်ကြစို့
ငါတို့
တရားထိုင်မှတ်ကြစို့
လမ်းကကောက်တယ်
ဖြောင့်အောင်လျှောက်မယ်
ဒါဆို
ငါတို့ သိဒ္ဓိပေါက်ပြီပေါ့ကွာ
ဆင်သွားတိုင်း လမ်းမဖြစ်ဘူး
ဆင်နင်းလို့ ပျက်သွားတဲ့လမ်းတွေအတွက်
ငါတို့ စာနာတတ်ရဦးမယ်
လမ်းကြောင်းကျန်ဖို့
လမ်းကြောင်းမမှန်ကောင်းလားဘိုတင့်
လမ်းမှန်မှ လမ်းကျန်မယ်
ဟောဒီ ဆုပ်ချည်ဖြန့်ချီငါတို့လက်များ
ပန်းခူးဖို့ တင့်တယ်ကောင်းတင့်တယ်ပေလိမ့်
ပန်းခြွေဖို့ မသင့်ပေဘူး
ခေတ်ကြီးထဲ ဒိုင်ဗင်ထိုးချဖို့
ခေတ်ကြီးကို ငါတို့ချစ်ကြစို့ရဲ့။

ညိမ်းညို

20 comments:

Unknown said...

ခောတ်ကြီးထဲကိုဒိုင်ပင်ထိုးချလိုက်ပြီလားးး..
ကဗျာတွေကောင်းတယ်ဘိုညိမ်းရာ.......
:P :P :P

Kaung Kin Ko said...

ကဗျာလေး ဖတ်သွားတယ် ညီလေးရေ

ဇင်ယော် said...

ခေတ်ကြီးထဲ ဒိုင်ဗင်ထိုးမချခင် ခေတ်ကြီးကို ချစ်စရာ
ကောင်းအောင် အရင်လုပ်ကြစို့ ။ ခေတ်ကြီးကလဲ ပြော
ပါတယ်။ ခူးဖို့ ခြွေဖို့ တင်မဟုတ် ပျိုးဖို့ လက်တွေလဲ အများကြီး လိုပါတယ်တဲ့ ။ ဟုတ်တယ်မှလား ဘိုညိမ်းရာ။

pandora said...

ဒိုင်ဗင်ထိုးချလိုက်ပြီလား။ ခေတ်ကြီးက ရေကန်ကြီးလားဟင်။ အောက်ခြေမှာ ရေမရှိရင် …။

Anonymous said...

ခေတ်ကြီးထဲက
လမ်းကကောက်တယ်
ဖြောင့်အောင်လျှောက်မယ်
အဲ့လိုလမ်းဖြောင့်လေး တစ်လမ်း တွေ့ မလားလိုက်ရှာလိုက်တာ အစ်ကို့ အသက်တောင် ၃၀ နားကပ်သွားပါပေါ့လား ညီလေးညိမ်းညို :-)

Thargyi(Gyobingauk) said...

ဘိုညိမ်းရေ..
ကဗျာထဲဒိုင်ပင်ထိုးခဲ့တယ်

ein said...

ခရီးများဆုံးထိလျှောက် ...:)
အဲသီချင်းလေးမောင်တင့်ကို ပါဆိုပြလိုက်ဦးညိမ်းညို...:P
လက်လေ့ကျင့်ခန်းပါ လုပ်ပေးလို့ ...:D

ထိပေ့သျှင် said...

လမ်းမှန်မှ လမ်းကျန်မယ်။ အဲဒီ စာသား အကြိုက်ဆုံးပဲ။

မသက်ဇင် said...

လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...

Anonymous said...

ခေတ်ကြီးကို ချစ်မယ်တဲ့လား ။ ကောင်းပေစွး)

layma said...

ဘိုညိမ်းနဲ့ ဘိုတင့်
ခေတ်ကြီးထဲ ဒိုင်ဗင်ထိုးမချခင် ဒိုင်ဗင်ထိုးကျွမ်းအောင် အရင် လေ့ကျင့်ခဲ့ကြ...။
မကျွမ်းသေးပဲ ချစ်နိုင်ရုံ သက်သက်နဲ့ တော့ ဒိုင်ပင်မထိုးမိစေနဲ့ ..။
ခေါင်းပေါက် .. ရေမွန်းတာပဲ အဖတ်တင်ရင် မခက်ဖူးလားကွယ်ရို့ ..။

Anonymous said...

ကဗျာလေးမိုက်တယ်...
အင်း...သူများကဗျာတွေအကုန်ကြိုက်နေတာကြီးပဲ..
အကုန်လုံးမိုက်တယ်ပြောခဲ့တာကြီးပဲ..ဟီး..ဟီး
တစ်ကယ်ကြိုက်လို့ပြောခဲ့တာနော်...
ဖော်လိုလိုက်တာမဟုတ်ဘူး..:P

Unknown said...

ငါလည်းလိုက်မယ်...။ အတူမြောကျတာပေါ့...။

မျှားပြာ said...

ရေတိမ်နေတယ်လေ .. ထိုးရမယ့်အချိန် မရောက်သေးဘူး ..။

SoeMoe said...

အစ်ကိုကဗျာကောင်းတယ်လို့ ဘဲပြောခဲ့တော့မယ်..။

Unknown said...

ကိုမျှားပြာပြောသလိုပဲလေ ရေတိမ်နေသေးတယ် အစ်ကိုရ နက်မျခုန်ချ ဟာဟား စတာနော်စိတ်အစိုးနဲ့

Nyo Htet Nyo said...

ကြွေတာခြင်း အတူတူ ခူးတာနဲ့ ခြွေတာ ခွဲသုံးသွားတာကတော့ လွှတ်လှတယ်ဗျာ

အညာသား said...

စွတ်မထိုးနဲ့(ဒိုင်ပင်) ကိုယ့်လူ။ အရှိန်ပြင်းလွန်းရင်းလည်း ကြမ်းပြင်နဲ့ ဦးခေါင်းနဲ့ ဆောင့်မိတတ်တယ်။

Anonymous said...

ကဗျာလေး တော်တော်ကောင်းတယ်အစ်ကိုရ.. ကဗျာမဖတ်ဖြစ်တာ တော်တော်ကြာတဲ့ အတောအတွင်း အစ်ကို့ဒီကဗျာကို ပထမဆုံးဖတ်မိတာနဲ့ အားတွေပြန်ပြည့်သလို ခံစားရတယ်.. ကဗျာပြန်ရေးဖို့ အားမွေးနေတာလေ.. :)

Unknown said...

ခောတ်ကြီးကမလွယ်ဘူးနော်
ဒိုင်ဗင်ထိုးတာကြည့်ထိုးအုံး ။
ကိုညိမ်းညိုရေ..ကဗျာတွေအရမ်းကောင်းတယ်