လူကမညွှတ်လည်း စိတ်ကညွှတ်ပြီးသား
ခြေဖ၀ါးက ငြင်းဆန်လည်း
ဆုံမြဲနေရာမှာ ကိုယ့်မိုးတိမ်တွေက ညို့
ကိုယ်ရွာချတဲ့မိုးတွေ ဘယ်သူမှ မမြင်ပါဘူး
" မဆုံရတာ ကြာပြီ " ငတ်ငတ်မွတ်မွတ်
ပြောမိကြပါတယ်
လက်ဖက်ရည်သောက်လည်း မရောက်
လမ်းလျှောက်လည်းမဆုံ
ဪ.. ကိုယ့်ဗုံကိုယ် ကျက်နေရတာနဲ့ပဲ
ညနေတေးသံတွေ ဆွေးခဲ့ ။
စည်သူငြိမ်း
2 comments:
ဒါလေး သိပ်ကြိုက်တယ် ညိမ်းညိုရေ ။
အောက်မေ့လို့ ပြန်ငေးရတဲ့နေ့တွေ....
ကြိုက်တယ်ဒီအရေးလေးကို...။ဆက်လက်အားပေးနေပါ၏...။
:)
Post a Comment