စကားတွေအများကြီးပြောပြီး
ကိုယ့်အတ္တလေး အစာဝသွားရုံနဲ့တော့
ရင်ဘတ်ကို ပုတ်မပြလေနဲ့
ပြောသမျှစကားကို နားထောင်ကြလိမ့်
သို့သော်..အလုံးစုံနာခံမှာတော့ မဟုတ်
လူဆိုတာ နားဝင်လွယ်တဲ့သတ္တ၀ါ
နားပေါက်ဖို့တော့ တော်တော်ခက်မယ်
ယုံတမ်းစကားနဲ့ ပုံပြင်တွေမှာ
စွဲဆောင်မှုတစ်ခုစီတော့ ပါကြတာပဲ
ငါတို့ပွင့်ပြတဲ့ပန်းက
ငါတို့ညွှန်းသလောက် မွှေးနေဖို့ လိုတယ်။
ညိမ်းညို
10 September 2007
စိတ်ကူးမိတဲ့ဇာတ်လမ်း
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
3 comments:
ကောင်းတယ်ဗျ။
{ငါတို့ပွင့်ပြတဲ့ပန်းက
ငါတို့ညွှန်းသလောက် မွှေးနေဖို့ လိုတယ်။}
ဒီ အတွေးလေးသိပ်ကြိုက်တယ်….။
ဒီကဗျာလေးကြိုက်တယ် ။ စကားလုံးတိုင်းကိုပဲ ။
Post a Comment