သူစိမ်းဆန်စွာ ငါ့ကို ငေးကြည့်နေကြ
တိုက်နေတဲ့လေတောင် ရုတ်တရက်စိမ်းသွားပါရဲ့
စိမ်းလိုက်တာကွယ်..
အစိမ်းရင့်ရင့်ရာသီအိုထဲ ပန်းကလေးတစ်ပွင့် ပျံသန်းလာမယ်ဆိုရင်
အဲဒါ မကြွေတဲ့သစ္စာတရားပေါ့ ညီမလေးရယ်..
ကျန်ရစ်ခဲ့တဲ့ ခြေရာလေးတစ်စုံအပေါ်
လောကဓံကြိုးတစ်ချောင်းက
ဘယ်လိုများချည်နှောင်လိုက်လေသလဲ
ငြင်းဆန်ရခက်ခဲတဲ့ ကျေးဇူးသိတတ်မှုတွေကြားမှာ
ညီမလေး ကိုယ့်ကိုယ်ကို လောင်ကျွမ်းခဲ့ရတာဆိုရင်
အဲဒီအလင်းတန်းကို
ငါ့ရင်ဘတ်ထဲက ဖြတ်သန်းခွင့်ပြုပါ
အိပ်မက်တွေကို မျိုးစေ့ချခဲ့ဖူးတဲ့ ခြေရာလေးနှစ်စုံဟာ
အခုတော့..အေးစက်၊ နာကျင်စွာအေးစက်လို့ပေါ့
မသိတတ်မှုများစွာနဲ့ ငါတို့ကို ကိုက်ခဲထားကြတော့မယ်
တိုက်ခတ်နေတဲ့ လေစိမ်းတွေကြားမှာ
ခုတော့ ..ညီမလေးနဲ့ ငါဟာ...... သူ..စိမ်း..တွေ..လို
20 September 2007
သူစိမ်းတွေလို
ရင်းနှီးပြီးသားအရာတစ်ချို့ဟာ မရင်းနှီးတော့သလို
ညီမလေးရေ..
ဟောဒီလမ်းသွယ်လေးထဲမှာ
ညိမ်းညို
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
1 comments:
ညိမ်းညိုရေ.. ဒီကဗျာလေး ခံစားသွားတယ် ။ ဖတ်ပြီး ဘာကို လွမ်းလို့ လွမ်းရမှန်းမသိ.. သို့သော် လွမ်းမိတယ် ။
Post a Comment