ငါ့ပန်းခင်းလေးမှာမှ
မိုးက ခေါင်ခိုက်အောင်ကို ခေါင်တယ်
သူငယ်ချင်း မင်းမျက်နှာက ဖြူဖပ်ဖြူရော်နဲ့
သွေးအားနည်းနေသလားတဲ့
ဟင့်အင်း ..ဒါ ငါ့အပေါ် မိုးသရောကြီး ရွာချလိုက်တာ
ငါ့လက်တစ်ဖက်ကို မိုးကြီးပေါက်ဆိန် ခုတ်ချလိုက်တာ
ကွဲနေတဲ့ရင်တစ်ခြမ်းပေါ် သစ်တစ်ပင်တက်ပေါက်နေတာ
ငါ့အိပ်မက်ကို လက်ချိုးပစ်လိုက်တာ
ရင်ကွဲပင်ဆိုတာ ယုယနေဖို့ မလိုအောင်ကို ထွားကြိုင်းသန်မာတယ်
ဒင်းက အမုန်းတွေသာ လုံလုံလောက်လောက် စားသုံးနေရရင်
ဘ၀တစ်ခုလုံးကိုတောင် ထိုးခွဲပစ်မဲ့အပင်
အဆိပ်တွေနင်နေတဲ့ကောင်းကင်ရေ ငိုချင်းမချလိုက်ပါနဲ့
အက်ဆစ်တဖြိုက်ဖြိုက်မိုးတွေက
မြေကမ္ဘာကို လောင်မြိုက်သွားစေလိမ့်မယ်
အချစ်နဲ့ တဒင်္ကကွေကွင်းနေရသူတွေကို စာနာပါကွယ်။
ညိမ်းညို
3 January 2008
တနင်္ဂနွေပုံပြင်
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
2 comments:
ကဗျာဆိုတာခံစားချက်လေးတခုဘဲလေ ...ဖတ်တဲ့သူလဲခံစားရတယ်အချစ်နဲ့ တဒင်္ကကွေကွင်းနေရသူတွေစာနာပေးပါတယ်...ကဗျာဆရာလဲပျော်ရွင်ချမ်းမြေ့ ပါစေ
အော်ဗျ..လွမ်းနေပါတယ်ဆိုမှ ..အလွမ်းကဗျာတွေပဲ
ဖတ်မိနေတာပါလား .. အမြန်ဆုံး ဆုံစည်းဖို့ ဆုတောင်းပေးပါတယ်ကွ...
Post a Comment