ကျွန်တော်ရယ်လေ
သိပ်မိုက်ခဲ့တာပေါ့ ..
အကြင်နာနဲ့ ညင်ညင်သာသာ ပြုံးပြခဲ့တဲ့
အမေ့ရဲ့ အပြုံးတွေကိုပဲ မြင်ခဲ့မိတယ်
ရင်ဗလာနဲ့ နွမ်းလျညှိုးငယ်နေမဲ့ အမေ့ကို မမြင်ခဲ့မိဘူး
အမေ့ရင်ကို အလိုဆန္ဒတစ်ခုတည်းနဲ့ တူးဖော်ခဲ့တဲ့ ကျွန်တော်
ဘ၀မှာ လမ်းချော်သွားမှာစိုးလို့
အမေပေးခဲ့ရတဲ့ အလျော်အစားတွေ
အမေစတေးခဲ့ရတဲ့ သိမ်ငယ်မှုတွေ
အမေကျော်ဖြတ်ခဲ့ရတဲ့ မပြည့်စုံမှုတွေ
ဘာဆိုဘာမှ မသိခဲ့ရပါဘူး
အမေရယ်လေ..
သူ့ရဲ့ ..တစ်ကိုယ်ရေတစ်ကာယ သောကရိပ်မြုံလေးထဲမှာပဲ
ရင်နင့်ရခြင်းတွေကို စုဆောင်းသိုဝှက်လို့ပေါ့ ..
မေတ္တာရေ အေးမြမြနဲ့
အမေ့ဘ၀ ကန္တာရမှာ
ကျွန်တော့်အတွက် အလှဆုံးပန်းတွေ ပွင့်ပြခဲ့တာ
မိုးအောက်မြေပြင်အနှံ့
ခမ်းနားပြည့်လျှံလို့လေ ..။
သိပ်မိုက်ခဲ့တာပေါ့ ..
အကြင်နာနဲ့ ညင်ညင်သာသာ ပြုံးပြခဲ့တဲ့
အမေ့ရဲ့ အပြုံးတွေကိုပဲ မြင်ခဲ့မိတယ်
ရင်ဗလာနဲ့ နွမ်းလျညှိုးငယ်နေမဲ့ အမေ့ကို မမြင်ခဲ့မိဘူး
အမေ့ရင်ကို အလိုဆန္ဒတစ်ခုတည်းနဲ့ တူးဖော်ခဲ့တဲ့ ကျွန်တော်
ဘ၀မှာ လမ်းချော်သွားမှာစိုးလို့
အမေပေးခဲ့ရတဲ့ အလျော်အစားတွေ
အမေစတေးခဲ့ရတဲ့ သိမ်ငယ်မှုတွေ
အမေကျော်ဖြတ်ခဲ့ရတဲ့ မပြည့်စုံမှုတွေ
ဘာဆိုဘာမှ မသိခဲ့ရပါဘူး
အမေရယ်လေ..
သူ့ရဲ့ ..တစ်ကိုယ်ရေတစ်ကာယ သောကရိပ်မြုံလေးထဲမှာပဲ
ရင်နင့်ရခြင်းတွေကို စုဆောင်းသိုဝှက်လို့ပေါ့ ..
မေတ္တာရေ အေးမြမြနဲ့
အမေ့ဘ၀ ကန္တာရမှာ
ကျွန်တော့်အတွက် အလှဆုံးပန်းတွေ ပွင့်ပြခဲ့တာ
မိုးအောက်မြေပြင်အနှံ့
ခမ်းနားပြည့်လျှံလို့လေ ..။
ညိမ်းညို
4 comments:
အမေဆိုတာ..ကန္တာရမှာတောင် ပန်းပွင့်စေနိုင်တဲ့..သူပါ...
အနိုင်းမဲ့တဲ့ မေတ္တာတရားတွေနဲ့လေ.
အမေ့ရဲ့ မေတ္တာရေအေးမြမြ...အလှဆုံးပန်းတွေ..☼☼☼☼☼☼☼☼☼☼ မိုးအောက်မြေပြင်အနှံ့ ခမ်းနားပြည့်လျှံ..လှလိမ့်တဲ့မေတ္တာပန်းတွေ...အနှိုင်းမဲ့အမေ့မေတ္တာတွေနဲ့ ထာဝရအေးချမ်းပါစေ..လိမ္မာတော့နော်
အမေ ဆိုတဲ့အသံလေး၊ စာသားလေးကို ကြားလိုက်ရ ၊မြင်လိုက်ရတာနဲ့  အလိုလိုအေးချမ်းသွားသလို စိတ်ချမ်းမြေ့ရတယ်..ဒီကဗျာလေး အတွက် ကျေးဇူးပါဗျာ
ပျော်ရွှင်ပါစေ....။
Post a Comment