4 January 2008

မင်းငါ့ကိုလာနှိုးတော့ ညိမ်းညို

အဲဒီလို နာရီလက်တံ အတိုအရှည်တွေကြားမှာ
ပုပ်သိုးသွားတဲ့နေ့ရက်တွေထက်
လက်ဆတ်တဲ့ အနာဂတ်အားလုံးအတွက်
လမ်းခွဲမှာ ထားခဲ့ကြပါစို့
ငါတို့ မေ့လျှော့နေတာတွေ များတဲ့ကြားက
သတိရမိတာက လေပင့်တာရယ် ၊ ကျီမီးရှို့ခံရတာရယ်
သူတို့ အရပ်နဲ့ သူတို့ဇာတ်ကတော့ အကိုက်သားလားကွာ..။

အဆိပ်သင့်မိုင်တိုင် တစ်ခုကို ဖြတ်ကျော်ပြီးတဲ့နောက်
ငါ့ကိုယ်ငါ မှန်မကြည့်ဖြစ်တော့တာကြာပြီ
ဖောဖောသီသီ သုံးစွဲခွင့်ရပါရက်နဲ့ချွေတာနေကြတော့
မေတ္တာတရားဟာ ဈေးကျတယ်လားကွာ
(လူသူကင်းလွတ်ရာအရပ်မှာ)
စကားလုံးတွေ ထိုးအန်ပစ်လိုက်တယ်
ထာဝရစားသုံးခွင့်ရဖို့ ပုံမှန်စိုက်ပျိုးကြပါစို့
ရိုးသားမှုဟာ ဘယ်တော့မှ စားမကုန်ပါဘူး
မင်းမက်ခဲ့တဲ့ ပန်းပျိုးလက်လို
ငါတို့လက်တွေ မနူးညံ့နိုင်ကြတော့ဘူးလေ …။

မုန့်ဖုတ်မယ် ပန်းစိုက်မယ်
ဒါ ငါတို့ယဉ်ပါးခဲ့ကြတဲ့ ဘာသာဗေဒလေ
ဒီလောက်ထိကြာအောင် ဝေးကွာမနေသင့်ဘူး
မင်းကြိုက်တဲ့အချိန် ငါ့ကိုလာနှိုးတော့ ညိမ်းညိုရေ
"ပွင့်သစ်"မှာငါတို့ တစ်ခေါက်ပြန်ဆုံကြဖို့ အဆင်သင့်ပါပဲကွာ..။

တင့်ထူးရွှေ

6 comments:

Nyo Htet Nyo said...

တော်တော်ကောင်းတာပဲဗျ။ကျွန်တော့်ဒိုင်ယာရီအတွက်နောက်
တစ်ပုဒ်ပေါ့။ဒါနဲ့ magazine မပို့ဘူးလားဗျ။ဒီကဗျာလေးတ္မေ

Layma said...

မောင်တင့်က နှိုးစက်ကို မောင်ညိမ်းညို ဆီမှာ အပေါင်ထားပုံရတယ်...။

အဲဒီမှာ ကဗျာဆရာတွေ ... ဘလော့ဂါတွေ အတော်များတယ်နော...။ ခင်ဖို့လည်းကောင်းကြတယ်...။ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတာကို ခုမှ သဘောပေါက်တယ်...။ ဟား..ဟား... စတာနော်...ခံစားမနေနဲ့ဦး ကဗျာဆရာ...။

lwansay said...

ဟေး.. ကိုမောင်တင့်..ဘယ်လိုတွေဖစ် :P

မျှားပြာ said...

မုန့်ဖုတ်မယ် ပန်းစိုက်မယ်
ငါ့လက်တွေက အဲလောက်မနူးညံ့ဘူး ...။
အခုဆိုပိုဆိုး ... ဟတ်ဟတ်

Anonymous said...

အရမ်းကောင်းတဲ့ကဗျာ တစ်ပုဒ် ..သွယ်ဝိုက်မှုတေါ မပါဘူး ရှင်းလင်းတယ် သဘောပေါက် နားလည်ခံစားပေးနိုင်တယ်....ပန်းပျိုတဲ့လက်တွေ ဖြစ်ဖို့ စိတ်ကူယဉ်ခဲ့ကြဖူးတာလားး...တစ်နေ့ တော့ စိုက်ခွင့်ရမှာပေါ့ အစ်ကိုရာ
လက်တွေကော ၊စိတ်တွေ ထာဝရာနုညံ နိုင်ပါစေဗျာ

mo3s3t said...

သိပ်ကိုကောင်းတဲ့ကဗျာတစ်ပုဒ်ပါပဲ ...