23 May 2009

လတ်တလော

(၁)
ကိုယ်မစားဘဲ
ရှင်းပေးရတဲ့ပွဲတွေ များများလာ
မျက်နှာကို တို့ပတ်ရိုက်ပြီး
လူမြင်ကောင်းအောင် ငိုတတ်ချင်တယ်။

(၂)
တစ်မြို့၊ တစ်ရွာ
တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး
ရှိရှိသမျှလူ အကုန်လုံး
ဆူပါ ဆဲပါ ကြိမ်းမောင်းပါ
မင်းတစ်ယောက်တော့ မပါဘူးမဟုတ်လားကွယ်
အဲဒီလို ယုံကြည်နေရတာလေးကို
ငါပျော်တယ်။

(၃)
ပုစွန်ဆိတ်ခေါင်းကလေးတွေ ထင်ပါရဲ့
ယိုသမျှချေးတွေ လာစုကြတယ်
အားကိုးတကြီး ဆုပ်ကိုင်ရလွန်းလို့
ငါ့လက်တွေ အံသေ
ငါ့ကဗျာလေးတွေတောင် ကြေမွပေါ့။

(၄)
မီးခွက်ထွန်းပြီး ပြဿနာမရှာခဲ့ရကြောင်းပါ
မီးခွက်ကိုင်ပြီး အိမ်ပေါ်တက်လာတဲ့ ပြဿနာ
ဖက်လဲတကင်းတော့ ကျွန်တော် မပေါင်းလို။

(၅)
"ဒီခေတ်ကြီးထဲမှာ
ကိုယ်က ဒါဖြစ်နေတဲ့အတွက်ကြောင့်ကို
အများထက် ဆယ်ဆလောက်သည်းခံနိုင်မှ
တန်ကာကျမယ်"

နံနက်၊ နေ့၊ ညဉ့်
သက်စေ့ရွတ်ဖတ်နေတဲ့ ဂါထာ
ကျွန်တော့်ရဲ့ လူငယ်စိတ်ကို
လုံအောင် ကာခဲ့ပါတယ်။

မြောက်စရာ လက်ကို မရှိတော့ပါ
ကျွန်တော့်ဦးခေါင်းကို ထိုးခံလိုက်ပါတယ်
"အလိုရှိသမျှ နိုင်တော်မူ"။

ညိမ်းညို

14 comments:

ညိမ်းညို said...
This comment has been removed by the author.
Unknown said...

လတ်တလော အခြေအနေများ သံချောင်းခေါက်ပါ :P
စာမေးပွဲတွေ အိုကေပါစေ ကေအို :)

သက်ထွန်းညိမ်း said...

မီးခွက်ထွန်းပြီး ပြဿနာမရှာခဲ့ရကြောင်းပါ
မီးခွက်ကိုင်ပြီး အိမ်ပေါ်တက်လာတဲ့ ပြဿနာ
ဖက်လဲတကင်းတော့ ကျွန်တော် မပေါင်းလိုပါ။
ကျွန်တော်ပြောသားပဲ အထင်မလွဲပါဘူးလို့
တစ်ချို့တွေအတွက်မဟုတ်တောင်မှ
ခင်ဗျားအတွက်တော့ နောက်ဆုံးရိက္ခာတစ်ခုအဖြစ်
တည်ရှိသွားလိမ့်မယ်ဗျး)

GreenGirl said...

"ဒီခေတ်ကြီးထဲမှာ
ကိုယ်က ဒါဖြစ်နေတဲ့အတွက်ကြောင့်ကို
အများထက် ဆယ်ဆလောက်သည်းခံနိုင်မှ
တန်ကာကျမယ်"

ဒါလေးတော့ သဘောကျတယ်ကဗျာဆရာ။

အလိုရှိသမျှ နိုင်တော်မူ တဲ့လား
ကောင်းပါတယ်။ အရှုံးပေးတာ နှလုံးအေးတာပေါ့နော် :)

Maung Myo said...

အရှုံးပေးတော့ နှလုံးအေးတာပေါ့ဗျး) နိုင်ပါစေ ။ ၀ိုင်းမြှောက်တာ မကေရေ့ ကျနော့်အစ်ကို ကိုသိပ်နိုင်ပါနဲ့ဗျို့ ။

မယ့်ကိုး said...

လတ်တလောကို ဖတ်ရတာ...စိတ်မကောင်းဖြစ်မိပါတယ်။

အိုင်လွယ်ပန် said...

ကိုယ့်သွေးတွေ ဘယ်လိုပွက်တယ်ဆိုတာ ....
ကိုယ့် သွေးထဲက ဝိဥာဉ်အသိဆုံးပါ ....

ဘယ်လိုပဲ တိုက်ခိုက်ကြပါစေဗျာ .....
ကိုညိမ်း ကဗျာတစ်ပုဒ်ထဲကလိုပေါ့

ကဗျာမှာ ဘာမှအရောအယှက်မခံဘူးဆိုတာ
“ယုံကြည်တယ် ”.........

စိုင်းလောဝ်ပိန်း said...

အလိုရှိမျှ နိုင်တော်မှုပါတဲ့လားဗျ

ကိုညိမ်းညိုရေ... ကြိုက်သွားပြီဗျို့

ပိုင်ဖြိုးကို said...

ကဗျာလေးဖတ်ပြီး၊ တခုခုကို ခံစားလိုက်ရသလိုပဲ၊ ဘာလဲဆိုတာတော့ ကျွန်တော်လဲသေသေချာချာမသိဘူး၊
ရင်ထဲတော့ စူးခနဲဖြစ်သွားတယ်

ဖြိုးငယ် said...

လတ်တလော ကတော့
ရင်ထဲမှာ ဒလဟော နေရာယူသွားတယ်ဟေ့ ..
ကဗျာဆရာများ ဘာရေးရေး ပေါ်လွင်လေစွ ..
ကောင်းလေစွဗျာ ..အရာရာ အဆင်ပြေပါစေဗျာ..

Unknown said...

ကိုညိမ်းညိုကြီး ...
ခေါင်းထိုးခံထာတယ်ဆိုလို့ ရူးချင်ယောင်ဆောင်ပြီး ဆွမ်းကြီါ်လောင်းသွားတယ်။ :D နောက်တာပါဗျာ....
အဓိပ္ပါယ်တွေ အများကြီး သက်ဝင် စီးဆင်းနေတယ်။
ကဗျာလေးကောင်း၏။

mgngal said...

လတ်တလောတွေ သုံးသပ်သွားကြောင်း ။

Kyaw Myat Thu said...

ပုဇွန်ဆိတ်ခေါင်းတွေပါလား ညီရေ။ :)

zeRoTraSh said...

အဲဒီ့လက်တလောပဲ သောက်ပြသနာတက်နေတာ တကယ်ပဲ လူလည်း တကယ်ပဲ ပြောကို မပြောချင်တော့ဘူးဆိုတာပေါ့။ ဘာပဲပြောပြောကွာ ဒီကဗျာတော့ မ သွားပြီ :D