6 May 2009

ကျပ်ပြင်

ရတနာတွေဖင်ခုထိုင်ထားတဲ့ ဒယ်အိုးသဏ္ဍန်မြို့ကလေး
ကိုယ့်အသက်မွေးမှုနဲ့ကိုယ်
အပ်နဖားပေါက်ထဲ ၀င်ဝင်တိုးနေရ၊

မီးမလင်းသော ဓာတ်တိုင်များ
မျက်စိ ပိုမိုစွေစောင်းတတ်
အမတ်မင်းကား
နားပင်းရှာ၏၊

ကာလရှည်ကြာခဲ့ပြီ
ဒီမြို့လေးမှာ
ဧည့်သည်က အိမ်သည်ကို ရိုက်မောင်းပုတ်မောင်း။

ညိမ်းညို

13 comments:

Unknown said...

ကဗျာလေးကောင်းတယ်
မြို့ကလေးကို စာနာမိပါတယ်
မြို့သူမြို့သားတွေကိုရောပေါ့

အိန္ဒြာ said...

ရတနာတွေ ကို

ဖင် ခု ထိုင် ထား ခဲ့ တာ နော်...

မြို့လေးက

ရွှန်းမီ said...

အမတ်မင်းကား
ဧည့်သည်ကိုမှ
ပိုချစ်ပုံရ၏

Mogok Thar said...

ညီရေ... အိမ်ရော၊ မြို့လေးကိုရော လွမ်းတယ်။

Unknown said...

ပညာသားပါလှချည်လား ကိုယ့်လူရာ...။

ဖြိုးငယ် said...

ကဗျာကိုဖတ်လိုက်တာနဲ့ မျက်စိထဲမှာ တန်းမြင်အောင် ရေးနိုင်တဲ့ ခင်ဗျားကို လေးစားတယ်ဗျာ

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ် မြို့လေးကို လွမ်းတယ်ကွာ..။

Heartmuseum said...

ဒီမြို့လေးမှာ ဧည့်သည်က အိမ်သည်ကို ရိုက်မောင်း ပုတ်မောင်း လုပ်တာ မခံနိုင်ကြတော့လို့ အိမ်ရှင်တွေ လစ်ကုန်ကြပြီ။ အခုတော့ ဧည့်သည်က အိမ်ရှင်ဖြစ် အိမ်ရှင်တွေက ဧည့်သည်ဖြစ်လို့ပေါ့........

SoeMoe said...

မိုးကုတ်မြို့ အကြောင်းလားအစ်ကို ..

kkkl said...

ရတနာတွေကို ဖင်ခုထိုင်ထားတဲ့ မြို့ ကလေးတဲ့။ လှတယ်ကွာ။

Unknown said...

:P

Unknown said...

အိမ်ရှင့် စိုက်ခင်း ဘယ်သူရှင်းမလဲ သိချင်လှပါဘိ။

johnmoeeain said...

မခေါ်ပါပဲ ရောက်လာတဲ့ ဧည့်သည်တွေ
မနှင်ပါပဲ လေအလျဉ်မှာ ဖိတ်စင်ကလွင့်ရင်း
အိမ်သည်တွေ အိပ်တန်းပျောက်ချိန်...
သြော်...
ရတနာဆိုတာ ထိုက်သူ ရတာထက်
မိုက်သူလည်း ယူနိုင်ပါရဲ့....