12 May 2009

အတွင်းတိမ်

သူတစ်ပါးကို မြင်ရသလောက်
ကိုယ့်ကိုယ်ကို မမြင်၊

ထိုမျက်လုံး
တိမ်တစ်လုံး ဖုံးအုပ်နေပြီဆိုလျှင်...။

ညိမ်းညို

8 comments:

Unknown said...

ကဗျာဆရာရေ
အဲဒီတိမ်က အဆိုးဆုံးဖြစ်မယ်ထင်တယ်နော်
ကဗျာတိုလေးတွေ တင်ပါဦး :)

Mogok Thar said...

ကဗျာဆရာရေ..
အဲဒီ အတွင်းတိမ်က ကို့်ယ့်စိတ်နဲံ့ ပြန်ခွဲစိတ်မှ ရမယ်ထင်ရဲ့ဏော။

Kaung Kin Ko said...

ကဗျာ တိုတိုလေးနဲ့ ထိမိတယ်ညီရေ။

စန္ဒီမိုးမြင့် said...

အစ်ကိုညိမ်းညိုရေ ....
အစ်ကို့ ကဗျာတွေကို နှစ်သကလွန်းလို့ အမြဲလိုလိုရောက်ဖြစ်ပေမယ့် ကွန်မန့်မရေးဖြစ်ခဲ့ပါဘူး
အစ်ကို့ ကဗျာက စကားလုံးတွေကို ဖတ်ပြီးတိုင်း အစ်ကို့ ကို စာမူခ အဖြစ်ပေမယ့် စကားလုံးတွေက
ရှာဖွေ နေတာနဲ့ ဘဲ မရေးဖြစ်ပါဘူး။
ဒီနေ့တော့ ညီမရဲ့ တွေ့ချင်သူများထဲ မှာ အစ်ကို့ကို ထည့်ရေးလိုက်မိပါတယ်
နားလည်မယ်လို့ လဲ မျှော်လင့်ပါတယ်
ခင်မင်လေးစားလျက်
စန္ဒီမိုးမြင့်

အိုင်လွယ်ပန် said...

သိပ်ဟုတ်ဗျာ ....

က+ဗျာ+လှည်း said...

အဲဒါ သိပ်မှန်တာပဲ... ဂေါပကမျက်နှာနဲ့လူကြီး... အဟတ်ဟတ်...။

ဖြိုးငယ် said...

ဆြာ ညိမ်း .. တိုတိုတိတိ ထိထိမိမိ ကဗျာလေးတွေကို ဘယ်သူမှ မမှီနိုင်ဘူးဟေ့

Heartmuseum said...

ကျွန်တော့် အတွေ့အကြံအရ
အဲဒီတိမ် ဖုံးခံထားရတဲ့လူဟာ
လောကကြီးနဲ့ သဟဇာတ မဖြစ်တော့ဘဲ
အနှေးနဲ့အမြန် ကျဆုံးတော့တာဘဲဗျ။