17 December 2008

၁၇၊ ဒီဇင်ဘာသို့ အလင်းစကား

- ရောင်နီဝင်းပြက် အရုဏ်တက်မှာ
ထွက်လာနေမင်း တင့်စေ့မယ်။

- ရာဇ၀င်တောင်တန်း တစ်ခေတ်ဆန်းမှာ
အောင်ပန်းလှိုင်လှိုင် ပွင့်စေ့မယ်။

- စိတ်ဝမ်းလက်ညီ ပြည်သစ်တည်ရာ
ချီကာကြွကြွ ညီညာဖြဖြ
လှသောဘ၀တွေ ပီစေ့မယ်။

- ၁၇၊ ဒီဇင်ဘာ
ချိန်ခါကျရောက် လေးနှစ်မြောက်မှာ
တောက်ကြွားရွှန်းဆို ညီအစ်ကိုတို့
ယို့ယို့ရိုကျိုး ပြည့်အကျိုးကို
ပျိုရွယ်နုဘိ စွမ်းသတ္တိနဲ့
မိုးထိခေါင်ဖျား တို့ကြိုးစားစို့
မားမားမတ်ခိုင် တည်စေ့မယ်။

- အိုဒီဇင်ဘာငဲ့ သင်သိရဲ့လား
ရိုးဂုဏ်ဖွေးလတ် စိတ်ထားမြတ်သော်
ဘယ်သူသတ်လို့ မသေတည်း။

ညိမ်းညို

11 comments:

Unknown said...

ဂုဏ်ယူပါတယ် ကဗျာဆရာရယ် ... :))

အိုင်လွယ်ပန် said...

ကောင်းချက်ဗျာ....
ကိုညိမ်းရာ....

ဖြိုးငယ် said...

ပျော်ရွှင်ပါစေသူငယ်ချင်းရေ .. မပျက်တမ်း ဆက်လှမ်းကြပါစို့ဗျာ ...

ထိပေ့သျှင် said...

CHEER!

Apprenticeship said...

Congratulation......
အလင်းစကားတွေနဲ့ အမှောင်ညတွေအတွက် အလင်းဆောင်နိုင်သူများဖြစ်ပါစေကွယ်......

တင့်ထူးရွှေ said...

ကဗျာလေးအတွက် ကျေးဇူးအထူး :)

GreenGirl said...

Congratulations!

mgngal said...

အလေးပြုသွားတယ် ဘရို ။

Unknown said...

Congratulation Captain :)

SoeMoe said...

Congratulations ပါအစ်ကို..

thihanyein said...

ဂွတ် ဗျ