28 February 2008

Start With Yourself

The following words were written on the tomb of an Anglican bishop in the crypts of Westminster Abbey:

When I was young and free and my imagination had no limits, I dreamed of changing the world. As I grew older and wiser, I discovered the world would not change, so I shortened my sights somewhat and dicided to change only my country.

But it too seemed immovable.

As I grew into my twilight years, in one last desperate atteampt, I settled for changing only family, those closest to me, but alas, they would have none of it.

And now as I lay on my deathbed, I suddenly realize; "If I had only changed my self first", then by example I would have changed my family.

From their inspiration and encouragement, I would then have been able to better my country and, who knows, I may have even changed the world.

Anonymous

26 February 2008

Money

It is said that for money you can have everything, but cannot. You can buy food, but not appetite; medicine, but not health; knowledge, but not wisdom; glitter, but not beauty; fun, but not joy; acquaintances, but not friends; servants, but not faithfulness; leisure, but not peace. You can have the husk of everything for money, but not the kernel.

Arne Gorbog

22 February 2008

မြို့ ကလေးသို့..

ဒေသန္တရဥခွံလေးအတွင်းမှာပဲ ကုတ်ခြစ်တွယ်ကပ်
တစ်ခါတစ်ခါ သိပ်အမြင်ကပ်ဖို့ကောင်းတဲ့ ချစ်စရာမြို့ ကလေးပေါ့
တံတိုင်းတစ်ပတ်ကာရံထားရုံနဲ့ လုံခြုံလှပြီထင်
ရိုးရိုးယဉ်ယဉ်ကလေး နေရှာခဲ့တဲ့ မြို့ ကလေးပေါ့
ရိုးရိုးစင်းစင်း ဖြတ်သန်းမှုတွေနဲ့
နည်းပညာငတ်ပြတ် လစ်ဟာနေရတာကိုလည်း မနာကျည်းတတ်
မျက်ရစ်မဲ့ မျက်ခွံမို့အစ် ဖောသွပ်ကြွမောက်သူတွေက ဂုတ်သွေးစုပ်
အရိုးပုပ်အောင် ခံစားနေရတာတောင်
နည်းနည်းကလေးမှ ထိုးထိုးထောင်ထောင် ခေါင်းဆောင်မှု မပေးနိုင်ရှာဘူး
တကယ်ဆို..
မိရိုးဖလာ ယဉ်ကျေးမှုနဲ့ မြန်မာဆန်တဲ့ မြို့ ကလေးပါ
သူ့ခမျာ..
ရင်ဘတ်ထဲ လောင်မီးကျနေတာတောင်
မင်္ဂလာဩဘာစာ ရွတ်ဖတ်ချင်နေသေးရဲ့
တစ်မြို့ လုံးကို နဖားကြိုးထိုး
တွန်းထိုးရုန်းကန် အသိဥာဏ်တွေစုံလုံးကန်းတော့မှ
အတိတ်ကို လွမ်းလှပါသတဲ့
နောက်ဆုံးထွက်သက် အသက်ရှူသံတွေ တဖုန်းဖုန်းနဲ့
လုံးလုံးမွကြေ အနာဂတ်တွေ ဆိတ်သုန်းတော့မှ
ကံစီမံသမျှဒဏ် ခံသာခံပတဲ့
မြို့ ကလေးရယ်..
ပြောရက်လိုက်တာ၊ ပြောထွက်လိုက်တာ
ဒီမယ်ကွဲ့ ..မှတ်ထားလိုက်စမ်းပါ
သမိုင်းဆိုတာ
အသိဥာဏ်ဆွေးရင် ဘ၀တွေ စတေးရတယ်
နားလည်မှုဝေးရင် ဓါးကူသွေးရသတဲ့
" တောက် " တစ်ချက် ပြင်းပြင်းခေါက်ရုံနဲ့
ရာဇ၀င်တွေ ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးရင်
ငါတို့ ညာသံပေးပြီး " ကျား " တက်ထိုးရမယ်
သားရဲတွင်းထဲတော့ အကျမခံနိုင်
ငါတို့ အသည်းနှလုံးတွေ ကျွဲပခုန်းထချင်ထ
နင့်ကို ထမ်းတင်ထားမယ် မြို့ ကလေးရေ.. ။

ညိမ်းညို

21 February 2008

မောင်ချောနွယ်အတု

မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက် ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ.....
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ
သစ်တန်တွက်နည်းဟာ
သစ်ကုန်သည်အတွက် ၀မ်းမီးစာပေဆိုတာ
မသိခဲ့ရှာသူ မောင်ချောနွယ်အတုကလေ....
မျက်လှည့်ဆရာရဲ့ 'ဘင်' ကိုမှ ၀ယ်မယ်တဲ့...
မောင်ချောနွယ်အတုကလေ
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်ကလေးနဲ့မှ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေရှာလေရဲ့ .....။

မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြ,ပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ။

မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကို
သူ့ခွက်ထဲ အရင်ထည့်ပေး
သူ့ကို အလျင်သောက်စေခြင်းနဲ့ မြှောက်စားရမယ်တဲ့ ...။

မောင်ချောနွယ်အတုက ပြောတယ်
ငါတို့ဟာ
အေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီးမဟုတ်ခဲ့တာ သေချာဖို့လိုတယ်တဲ့....။

မောင်ချောနွယ်အတုက ပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန်ဒေါင်းနင်းသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း
ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာ
ဘယ်ရှိမလဲတဲ့ ....။

လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့
မောင်ချောနွယ်အတုက ပြောတယ် ....။

မောင်ချောနွယ်အစစ်ဟာ
သူ့ချစ်ဇနီးသည်
ညီမလေး မမမြင့်မှာ
(တကယ်တော့ ညီမလေးပါပဲ
ဒါပေမဲ့ သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့
သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်း
ပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ် နေ့စဉ် ထိသိနေရသူ
သတိတရ အားစိုက်နေရသူ
အချစ်ကို သွားတစ်ချောင်းပေးနေရသူမျှသာ
ဖြစ်လေရဲ့ ....။

တကယ်တော့
မောင်ချောနွယ်အတုဟာ လူဖြစ်ပြီး
မောင်ချောနွယ်အစစ်ဟာ
လူ မဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။

မောင်ချောနွယ်

18 February 2008

ကွဲပြားရလဒ်

လမင်းကဖြာကျတဲ့ အလင်း
မြို့ ကြီးပြကြီးမှာ လင်းချင်မှလင်းမယ်
ကျေးလက်က တောရွာလေးမှာတော့
လင်းတပပ ၀င်းမြ..သာစွ ။

သူ့ဘက်ကပုတ်ထုတ်လိုက်တဲ့ ဘောလုံး
(သူ့အဖို့ ) အရှိန်ပြင်းကောင်းမှ ပြင်းမယ်
တစ်ဖက်က လူမှာတော့
ဘ၀တစ်ခုလုံး လွင့်သွားရှာပေါ့.. ကြေမွ ။

ညိမ်းညို

17 February 2008

လူမွဲ

ငှက်ကလေးရေ
မင်းအလိုရှိသလိုသာ ပျံပါ... နားပါ
ဟောသည်...ဥယျာဉ်မှူးအိုကြီးကတော့
အလွန်ဆုံးခံစားရလှ
အဆွေးစောင်ကြီးခြုံခြုံပြီး အိပ်နေရုံပေါ့ကွယ်
ငါကိုက ကံဆိုးလွန်းခဲ့တာပါ
လမင်းအစင်းတစ်ရာလောက်သာနေတဲ့ တိုင်းပြည်မှာမှ
ကြယ်မှုန်ကြယ်မွှားလေးအဖြစ်နဲ့ ရောက်လာမိတယ်
နက်နက်ရှိုင်းရှိုင်းထွန်ယက်ခဲ့ရသလောက်
နှလုံးသားယာမြေက မညက်ခဲ့ပြန်ဘူး
လူမွဲတစ်ယောက်ကပစ်တဲ့ ခေါစာမှာ
ရွှေမင်ငွေမင်တွေ မကပ်ငြိခဲ့လေတော့
တိတ်တခိုးမျှော်လင့်ရတဲ့ အဖူးအငုံလေးတောင်
နေ၀င်မီးမှိတ် တံခါးပိတ်ပြီပေါ့
လူလုံးလဲမလှနိုင် ဟန်ရေးလဲမပြနိုင်နဲ့
လူကုန်ထံတွေတိုက်ခတ်နေတဲ့ မုန်တိုင်းကို
ငါဘယ်လို ညင်းသွဲ့အောင်ပြုစားရမှာလဲကွယ်
ငှက်ကလေးရေ...
ကြည့်စမ်းပါဦးကွယ်
ဟိုး...အရှေ့ဆီက တောတန်းတစ်လျှောက်မှာ
အစီအရီ စီတန်းပေါက်ရောက်နေကြ
လေးလုံးခြောက်ဖက် သစ်ကိုင်းကြီးတွေဆိုတာလေ
နားနားနေနေ ချွေးသိပ်ခိုဝင်ဖို့
လွန်လွန်ကဲကဲကြီးကို သင့်မြတ်လို့နေတာပေါ့ကွယ်
ကိုင်းဖျားကိုင်းနားလေးတွေဆိုတာလေ
နေရစ်ခဲ့ကွဲ့ အဝေးဆီမှာ... ....တဲ့
ဒီတော့...ငှက်ကလေးရေ
မင်းအလိုရှိသလိုသာ ပျံပါ... နားပါ
ဟောသည်...ဥယျာဉ်မှူးအိုကြီးကတော့
အလွန်ဆုံးခံစားရလှ
အဆွေးစောင်ကြီးခြုံခြုံပြီး အိပ်နေရုံပေါ့ကွယ်။

ညိမ်းညို

16 February 2008

လူလွဲ

နေရောင်ခြည်က ခင်ဗျားဆီမလာရင်
နေရောင်ခြည်ရှိရာကို ခင်ဗျားကသွားရလိမ့်မယ်
ဒါပဲ...မိတ္တဗလဋီကာဆိုတာ
ဆပ်ကပ်ထဲမှာ
လူတစ်ကိုယ်လုံးပိုင်းပြသွားတဲ့ ပြကွက်လောက်တောင်
ထူးဆန်းမနေတာအမှန်
ငါးစာလည်းသွားမချနဲ့
ရေပွက်ကိုလည်း မငေးလေနဲ့
တကယ်ဆိုတော့...
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လွဲနေရခြင်းဟာ
အလွဲတကာ့အလွဲထဲမှာ အလွဲဆုံးပဲ
နိုင်တဲ့အခါ ရင်ဘတ်ပုတ်ပြတတ်ကြသလို
ရှုံးတဲ့အခါမှာ ရင်ဘတ်ပုတ်ပြဖို့ထိမလိုပေမဲ့
ကျေးဇူးပြု၍ တဆိတ်လောက်ဗျာ..
နာမည်ကလေးတော့ ပြောရဲရမယ်
အနိမ့်ပျံဖြစ်ဖြစ် အမြင့်ပျံဖြစ်ဖြစ်
တည်တည်ငြိမ်ငြိမ် ပျံသန်းနေဖို့လိုတယ်
တစ်ပါးသတ္တ၀ါရဲ့ ဇီဝိန်ကို
စွန်ရဲတစ်ကောင်လို ထိုးသုတ်နိုင်ရမယ်လို့လည်း မဆိုလိုပါဘူး
ရုပ်ပျက်ဆင်းပျက်လုယက်မနေရအောင်လို့ကို
သဘာဝတရားက စားခွက်တစ်ခုစီ ဖန်ဆင်းပေးထားပြီးသား

စိတ်ဆင်းရဲခြင်းက လက်ရှိငရဲ
စိတ်ချမ်းသာခြင်းက လက်ရှိနတ်ပြည်
အမှန်တရားဆိုတာ အနာပေါ်ကျတဲ့ဒုတ်
နုတ်စရာရှိတာ ရဲရဲနုတ်
ပေါင်းစရာရှိတာ ရဲရဲပေါင်း
ဒါမှ..ကိုယ့်ကိုယ်ကိုချိန်တွယ်တဲ့အခါ
အလေးချိန်အတိအကျရပေမှာပေါ့
လူသုံးများတဲ့စကားတစ်ခွန်းလို
ကိုယ်ဟာ အသက်ကြီးလာသလောက် အချိန်စီး,မစီး
ခင်ဗျားတို့ ကျွန်တော်တို့သိလိုကြတယ်မဟုတ်လား
ဟား...ဟား...ဟား...ဟား...ဟား...
ဒါ..မိတ္တဗလဋီကာကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာ
ပြောချင်ရာပြောပြီး ဟားတိုက်ရီချလိုက်တော့
မင်းကို လူတွေအမြင်ကတ်ပြီပေါ့ ငနာရဲ့။

ညိမ်းညို