5 June 2009

လွမ်းလို့ ဆွံ့အသွားတဲ့ ကြယ်

ပုံကို ဆြာညိန်း ဆွဲပေးပါတယ်

လွမ်းလို့ ဆွံ့အသွားတဲ့ ကြယ်

လွမ်းလို့ ဆွံ့အသွားတဲ့ကြယ်ဆိုတာ တကယ်ရှိလို့လား
တအံ့တသြပဲ ကြည့်မိတယ်
သူက စကြာဝဠာကြီးတစ်ခုလုံးမှာ
ချစ်သူမျက်နှာတခုသာ ရှုစရာအမှတ်နဲ့
တွဲထားသည်ဖြစ်စေ ခွဲသွားသည်ဖြစ်စေ
သိစိတ်ထဲမှာရော မသိစိတ်ထဲမှာရော
ဒါကိုပဲ အဖန်ဖန်အထပ်ထပ် ရှုလို့
သူ့တစ်ကိုယ်လုံး အလွမ်းဓာတ်တွေ ပျံ့နှံ့ပြီး
ဆွံ့အသွားတဲ့ ကြယ်တစ်လုံးသာ ဖြစ်တယ်။

ညိမ်းညို

11 comments:

Unknown said...

ကဗျာဆရာ ကြယ်ကလေးပေါ့ :)

လင်းဒီပ said...

ဒါဆို သူ့ချစ်သူက ကမ္ဘာဂြိုလ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ
လွမ်းလို့ ဆွံ့နေတဲ့ကြယ်ကလေးကို တွေ့နိုင်တာပေါ့။
ချစ်သူ့စကားသံနဲ့ လှုပ်နှိုးရင်တော့ ကြယ်ကလေး စကားပြန်ပြောတတ်လာမယ် ထင်တယ် ညီလေးရေ..။

အိုင်လွယ်ပန် said...

တကယ်ရှိခဲ့ကြောင်း သက်သေပေါ့ :)

mgngal said...

ဘယ်လို ကြယ်ပါလိမ့်နော် ။ :D

Mogok Thar said...

ညီရေ...
ကြယ်ကလေး ချစ်တေးတွေ သီနိုင်ပါစေ လို့
ဆုတောင်းလျက်

GreenGirl said...

အဲ့လို ချစ်စရာကောင်းတဲ့ ကဗျာရိုးရိုးလေးတွေကို ရေးတတ်တဲ့ ကဗျာဆရာကလည်း တော်တော်ချစ်တတ်ပုံရတယ်။

ဖြိုးငယ် said...

ကြယ်လေးတွေတော့ သနားစရာပါပဲ .. ငါ့လူလွမ်းလို့ ဆွံ့အကုန်တော့မှာပဲ

ရွှန်းမီ said...

ဟုတ်ကဲ့ ရှိပါတယ်..
အဲဒီကြယ်က အသံတိတ်နေတယ်..

Moe Myint Tane said...

လွမ်းလို့ဆွံ့အသွားတဲ့ ကြယ်လေးကိုလာကြည့်သွားတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

စိုင်းလောဝ်ပိန်း said...

အဲလိုကြယ်မျိုး တကယ်ရှိတယ်ဗျ။
အခုပဲတွေ့နေရတယ်
အလတ်ကြီးပဲ :P
အချစ်ကြီးချက်က အားကျစရာပါဗျာ။ :)

Apprenticeship said...

စွန့်အတတ်တဲ့ ကြယ်တွေက မကြွေတော့တာလားဟင်.... :(