15 March 2009

လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်



















img link


လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်


အပြင်မှာ နေသာပါရဲ့လား
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်

မြေလွှာအောက်ကဖားကလေး မိုးကိုမျှော်သလို မျှော်ရဲ့
မေးဖျားသွယ်သွယ်လေးပေါ်က
မွှေးညင်းစိမ်းစိမ်းလေးကိုလဲ လွမ်းဆွတ်မိရဲ့
ဒါဟာ ရူးသွပ်မှုတစ်ခုဆိုရင်
ငါဟာ
ချစ်သူအပေါ်မှာ
သိန်းသန်းမကချီတဲ့ ရှုးသွပ်မှုတွေ ရှိတယ်ကွဲ့။

နှလုံးသားအုန်းမောင်း ခေါက်ခံထိခဲ့ရ
ရင်တပြင်တခွင်လုံး နိုးထပစေပေါ့
ကြေကွဲထိရှမှုကို စိုးရွံ့တယ်ဆိုမှဖြင့်
အချစ်ကို ငါတို့ ဘယ်လိုတွေ့ရပ၊

တကယ်ပါပဲ
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ငါ ဖွင့်လိုက်တယ်
ငါ ရရှိတယ်ကွဲ့
ပြတင်းပေါက်တွေကနေ ငါ ရရှိတယ်ကွဲ့
နာကျင်လှပစွာပေါ့
ရင်ကို လာစိုက်တဲ့ မြားအစင်းစင်းလေ
အဲဒါ... မင်းမျက်ဝန်းတွေပါပဲ မိန်းကလေးရယ်
ငါ မညာပါဘူးဟယ်
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တာပါကွယ်။

ညိမ်းညို

25 comments:

Unknown said...

ပြတင်းပေါက်တွေဖွင့်လိုက်တော့ဘာတွေ တွေ့ လဲ.. ကဗျာဆရာ...အလွမ်းတွေလား.. :P
လေမိလို့ လွမ်းဖျား ဖျားအုံးမယ်ဂရုစိုက်အုံးနော် :).
:)

တင့်ထူးရွှေ said...

ကောင်မလေး စိတ်ကောက်နေတယ်ထင်ပ ၊ ချော့တဲ့အသံကြီးနဲ့ :P

လင်းဒီပ said...

“မေးဖျားသွယ်သွယ်လေးပေါ်က
မွှေးညင်းစိမ်းစိမ်းလေးကိုလဲ လွမ်းဆွတ်မိရဲ့”

မျက်စိထဲ ချစ်သူလှလှလေး မြင်ယောင်လာတယ်..


“ရင်ကို လာစိုက်တဲ့ မြားအစင်းစင်းလေ
အဲဒါ... မင်းမျက်ဝန်းတွေပါပဲ မိန်းကလေးရယ်
ငါ မညာပါဘူးဟယ်
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တာပါကွယ်။”

ကိုတင့်ပြောတာ ဟုတ်လားဟေ့..:P

ကိုပါရောပြီး “လွမ်းလွန်လွန်း”သွားပြီ...

GreenGirl said...

တော်တော်ရေးတတ်တယ်။ ကဗျာထဲက ရသတစ်ခု ဇတ်နေတဲ့လူကိုကူးစက်သွားအောင် ရေးတတ်တယ်။ :)

အိန္ဒြာ said...

လှလိုက်တာ....

ပြတင်းပေါက်ကနေ..
လေညှင်းနဲ့အတူ
ကိုယ်သင်းနဲ့လေးပါ..ရောပါလာသလိုမျိုး

ဆောင်းယွန်းလ said...

ပြတင်းပေါက်တွေကိုဖွင့်လိုက်တော့ တိုက်ခတ်လာတဲ့ လေနဲ့အတူ ဘာတွေပါလာသလဲ ကဗျာဆရာရေ

Layma said...

မေးဖျားသွယ်သွယ်.. @#&*
ဟာ... ဘာတွေလဲ.. ရှက်လိုက်တာ ဖတ်ရတာ...
:P :P :P

ရွှန်းမီ said...

"နှလုံးသားအုန်းမောင်း ခေါက်ခံထိခဲ့ရ
ရင်တပြင်တခွင်လုံး နိုးထပစေပေါ့
ကြေကွဲထိရှမှုကို စိုးရွံ့တယ်ဆိုမှဖြင့်
အချစ်ကို ငါတို့ ဘယ်လိုတွေ့ရပ၊"

ဒီစာပုဒ်ကို ကြိုက်မိပါတယ်။

လွမ်းလို့ဖွင့်မိတဲ့ ပြတင်းပေါက်တစ်ခုထဲ
ဝိဥာဉ်တစ်ခု ပျံဝဲထွက်သွားတယ်. . .

Mhu Darye said...

:) လွမ်းလွန်းလို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တော့..........မိုးစက်တွေ ၀င်လာတယ်။
ဒီမှာတော့ မိုးသည်းသည်းမဲမဲရွာနေတယ်ဗျာ.......။
ဖတ်ရှူ ခံစားသွားပါတယ်။

ein said...

တံခါးတွေအားလုံးဖွင့်ထားပြီး လွမ်းနေရမယ့်တူတူ ရင်ဘတ်ထဲက အလွမ်းတွေကို ချစ်သူသိအောင်
ဖွင့်လှစ်ပြသခြင်း...:P
အဲလိုနဲ့ ပြောင်းပြန်...:P

Unknown said...

နယ်ရေ ကဗျာခေါင်းစဉ်လေးအရမ်းလှတယ်
လွမ်းခွင့်ရှိတာကိုပဲနော :) ကျောင်းပိတ်ရက်တွေကလည်း
လွန့်လွန်လွန်းတာကို :P မနာလိုဘူးနော ဟဟ
ပုံလေးနဲ့လည်းတွဲမိတယ်နယ်ရေ ကောင်းသောနေ့ဗျာ :)

အိုင်လွယ်ပန် said...

ညက်ညက်ကလေး ကိုညိမ်းရ

ကောင်းတယ် ....

Unknown said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Unknown said...

နောက်ဆုံးနှစ်ပုဒ်ကို အရမ်းကြိုက်တယ်ဗျာ။ ကောင်းတယ်ဗျာ...ရှယ်ပဲ

နာကျင်လှပစွာပေါ့
ရင်ကို လာစိုက်တဲ့ မြားအစင်းစင်းလေ
အဲဒါ... မင်းမျက်ဝန်းတွေပါပဲ မိန်းကလေးရယ်
ငါ မညာပါဘူးဟယ်
လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တာပါကွယ်။

Nyo Htet Nyo said...

ကဗျာ လာဖတ်သွားတယ် ညိမ်းညိုရေ။ နှလုံးသားအုန်းမောင်း ဆိုတဲ့ဟာလေး အမှတ်တရပါပဲ။

ရိုးမြင့်အောင် said...

ဒုတိယမြောက်ကလူ... စိတ်ကောက်ကောက် စိတ်ဖြောင့်ဖြောင့် ခင်ဗျားအပူပါလား... အဟတ်ဟတ်..။

လေယူလေသိမ်းတွေ အထူးအဆန်းဖြစ်နေတာတော့ အမှန်ပဲ...။

“ကွဲ့” “ဟယ်” “ကွယ်”...။

Apprenticeship said...

ကဗျာဆရာ အတော့်ကိုချစ်တတ်တာပဲ။ သိန်းသန်းမကသော ရူးသွပ်မှုတွေတော့ မလုပ်လိုက်နဲ့နော်... ကဗျာကောင်းတွေ မထွက်တော့ပဲ တံတားလေးကိုအပို့ခံနေမှ အခက်။ :P :D :)

Anonymous said...

လွမ်းလွန်းလို့ အိပ်မပျော် ဟိုလိုညများ....

အလွမ်းတွေမြေခတော့
အရက်တွေမြိုချလိုက်ပေါ့ ဦးကြွက်ကြီးရယ် အဲ့တာဆို စောစောအိပ်ပျော်လိမ့်မယ် အလွမ်းရဲ့ ဆေးက အရက်တဲ့ ရှေးခေတ်တုန်းကနေ ခုထိသုံးနေတုံးး....နေညိုချိန် ထန်းတောမှစ နိုက်ကလပ်ထိ ဒုချပ်ချပ် ဒုချပ်ချပ် ၀ိုးဝိုး :)

စိုင်းလောဝ်ပိန်း said...

ကျနော်လည်း ကဗျာဖတ်ပြီး လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေ ဖွင့်လိုက်မိတယ်ဗျာ။ မြင်ကွင်းက ကိုညိမ်းညိုလောက်မကောင်းဘူးဗျာ။ :)

လုလင်ငယ်သွေး said...

ခေါင်းစဉ်လေး လှတယ်။ နှလုံးသားအုန်းမောင်းဆိုတာလေး ကြိုက်တယ်။ ငါမညာပါဘူးဟယ် ဆိုတာလေး ကြိုက်တယ်။

မသက်ဇင် said...

လွမ်းလွန်လွန်းလို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်တာပါကွယ်။

ခံစားသွားပါတယ်---

ဖြိုးငယ် said...

ဟေ့လူ ..
ကဗျာကတော့ အလန်စားဗျ ..
ဒါပေမဲ့ ပြတင်းပေါက်တွေသိပ်မဖွင့်နဲ့ ..
အအေးပတ်နေမှာစိုးလို့ ..

SoeMoe said...

ဖွင့်လိုက်တဲ့ ပြတင်းပေါက်ကလေပြေလေညှင်းလေးတွေ
လာနေပီနော်အလွမ်းတွေပြေလျော့ပါစေ။
:)