13 January 2009

အခွံမာသစ်သီးများ

ထိရှမိသမျှ
ဖြာခနဲ
နက်လည်း ထင်းထင်း
ဖြူလည်း လင်းလင်း။

ရှင်းတယ်
ဇာတ်လမ်းရှင်းရှင်း
ဇာတ်ညွှန်းရှင်းရှင်း
ရင်ဘတ်ထဲကလာတဲ့ အသံကို
သွင်းမယ်။

ငါတို့ ဦးခေါင်းမှာ
ခပ်မာမာ ဗီဇဆဲလ်တစ်ခုနဲ့
ငါတို့ နှလုံးသားမှာ
နူးညံ့ပန်းတစ်ပွင့်နဲ့
သွေဖီတတ်၊ ကြေကွဲတတ်
မျက်ရည်၊ အားမာန်
ဘတစ်ပြန် ကျားတစ်ပြန်။

သွေးတွေ
ရိုးရိုးသားသား နီကြ
အိပ်မက်တွေ
ထောက်မမီအောင် နက်ရှိုင်းကြ
လောကဓံ ဓားရှစ်လက်ကြားမှာ
ငါတို့စိတ်ဓာတ်ဟာ
မဆုတ်တမ်းခံစစ်ပဲ။

မြစ်တစ်စင်း
ရှေ့မှာ....
မှောင်မှောင်ပိန်းပိန်း
ဟိန်းဟိန်းညံညံ။

ဝံ့စားတယ်
သစ္စာတရားကို ကြိုးလိုကျစ်ပြီး
အဲဒီမြစ်ကို ကူးမယ်။

လူငယ်
အခွံမာသစ်သီးများ
ပျော့ပျောင်းချိုမြိန်သော အသားမွှာတို့ရှိရဲ့။

ညိမ်းညို

20 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ကဗျာဆရာကလူငယ်တွေရဲ့ စိတ်ဓါတ်ကိုအထင်းသားမြင်အောင်ရေးထားတာလား..
ဘာပဲပြောပြောကောင်းတယ်..
ကဗျာဆရာ..စာလည်းကျက်နော်... :)

တင့်ထူးရွှေ said...

အခွံမာသစ်သီး အချို့အား မြည်းစမ်းကြည့်သွားသည် ။

မွန် said...

မဝေဖန်ရဲဘူး
ဖတ်ပြီး ကြက်သီးထတယ်

ATN said...

ဒီကဗျာလေးတော့ တော်တော် ကြိုက်တယ် ညီရေ့...

Anonymous said...

အခွံမာပေမယ့် အသားမွှာပါတဲ့ အသီးဆိုတော့ စားကောင်းမှာပါ ဘယ်လိုေ၇ာင်းလဲ အစ်ကို ကီလိုနဲ့လား ပိဿနဲ့လား လျှော့ပေးနော့် ဖောက်သည်တွေး)

Nyo Htet Nyo said...

ဆက်ပြီးလဲ ပျော့ပျောင်းချိုမြိန်နိုင်ပါစေ ညိမ်းညိုရေ…

ဖြိုးငယ် said...

ဝံ့စားတယ်
သစ္စာတရားကို ကြိုးလိုကျစ်ပြီး
အဲဒီမြစ်ကို ကူးမယ် တဲ့
ကဗျာဆရာကတော့ သတ္တိတွေအပြည့်ပဲဟေ့ ...
ကောင်းတယ်ဆရာ

လင်းဒီပ said...

အခွံကတော့ ခုထိမာတုန်းပါပဲ..
ပျော့ပြောင်းချိုမြိန်တဲ့ အသားစိုင်တွေ မရှိခဲ့တာ
လောကကို အားနာမိရဲ့

မောင်ဖားကြီး said...

ကြိုက်တယ်ဗျာ... အခွံမာသစ်သီးတွေရဲ့
စကားလုံးတွေက ထိရှလှတယ်..
ရင်ထဲထိကို စကားလုံးတွေရောက်လာတယ်

Layma said...

လေးမအခွံကတော့ နည်းနည်းအက်နေတယ်..။
ဒါနဲ့  စာမေးပွဲရှိရင် လူလုံးမပြရဘူးဆို..။ ခု ပါမစ်ရတာလား..။

Anonymous said...

ငါ့လူက အတွေးကောင်းအရေးကောင်းပဲ.. ငါ့လူကဗျာလေးတွေဖတ်ရင် တွေးနေမိအောင်ကို ဖြစ်ဖြစ်သွားတယ်... တော်ပါတယ်...

အိုင်လွယ်ပန် said...

ဆရာစိုင်းဝင်းမြင့်စကားနဲ့ပြောရရင်...

တကယ်ကောင်းတဲ့ comment
နှစ်လုံးထဲနဲ့ပြီးတယ်....
“ဘိုညိမ်း” .............။။။

ကဗျာအရမ်းကောင်းတယ်ကိုညိမ်းရာ :P

mgngal said...

ကျစ်လစ် လိုက်တဲ့ အသုံးအနှုန်းတွေ ။ ကောင်းတယ် ဘရို။

SoeMoe said...

အခွံမာသီးတွေကချိုတာများတယ်.. :P
အဆင်ပြေပါစေအစ်ကိုရေ..

Mhaw Sayar said...

ဂရိတ်ပဲ ဒီတစ်ပုဒ်လည်း.. ဒူးရင်းသီး၊ ပိန္နဲသီးတွေကို မြင်ယောင် ကြည့်သွားတယ်..

(နောက်. နတ်ပိန္နဲလို့ ခေါ်သလား မသိဘူး. အခွံလည်း မာတယ်၊ ရုပ်ဆိုးဆိုးနဲ့ပေါ့. ထူးခြားတာက ဒီကောင်က မြေအောက်ထဲမှာပဲ သီးတာလေ. အမှည့်လွန်လို့ အရမ်းမွှေးလွန်းလာမှပဲ မြေအောက်ထဲမှာ သီးနေမှန်း သိကြတယ်လို့ ဆိုတယ်.)

Kaung Kin Ko said...

ရင်ဘတ်ထဲက အသံကို သွင်းထားတဲ့ Tape ကို လာနားထောင်သွားတယ်ညီ။

Unknown said...

ကဗျာလေးဖတ်ရတာအားရှိလိုက်တာ..။

ရွှန်းမီ said...

ကဗျာလေး ဖတ်ရင်းနဲ့ ကဗျာဆရာရဲ့ အားပေးစကားတွေကို နားထောင်သွားပါတယ်..
အခွံမာသီးတွေက အရသာ မျိုးစုံ ရှိတယ် မဟုတ်လား ဦးကြွက်ညို . .

(ကြွက်မီ)

pandora said...

ဖြည်းဖြည်းပြောပါ ကဗျာဆရာရယ်။။း)

ဒါဆို အခွံကိုပါ ၀ါးစားလို့တော့ မရဘူးပေါ့။