24 July 2008

အရိုင်းကဗျာ

နားကွင်းတစ်ဖက်နဲ့ အရိုးခေါင်းခါးပတ်ပတ်တယ်
ရင်ဘတ်ကြီးကတော့ ခင်ဗျားတို့လိုပဲ ထိလွယ်ရှလွယ်
အနံ့အသက်မခံနိုင်ရင် မဆလာဖြူးလိုက်
လူငယ်တစ်ယောက်ရဲ့အသွေးအသား
တစ်ပြားလျော့နှစ်ပြားလျော့ လာမလုပ်နဲ့
ဆင်ဖမ်းမယ်ကျားဖမ်းမယ် နောက်မှပြော
ခြေလှမ်းတွေ စမှတ်ကအရင်ရွေ့ရအောင်
အမှန်တရားဆိုတာ
ချိန်းဆိုထားတဲ့အချိန်ထက်
နောက်ကျပြီးမှ ရောက်လာတတ်သလေးဘာလေး
တွေးဆသယောင် ဖေးမသယောင်
ဘေးကမလှောင်နဲ့
သွေးမရှိရင် ဝေးဝေးသွားရှောင်
အဲဒီ အမှန်တရားဆိုတဲ့ငနဲ
ဂုတ်ဆွဲပြီးခေါ်ခဲ့
နောက်ကျပြီးမှရောက်လာမဲ့ ဒင်းမှာ
ရိုးသားမှုဂုဏ်ဒြပ်တွေ စုတ်ပြတ်နေမှာအသေအချာ
စောင့်နေဖို့ အချိန်မရှိ
လက်ဝှေ့ကျော်ကြီးတော့ မဟုတ်ဘူး
ယုံကြည်ထားတာ တစ်ခုရှိတယ်
ထိုးချက်တိုင်းဟာ
မြင်းကန်သလို ပြင်းထန်နေရမယ်
ဒါပဲ။

ညိမ်းညို

ps- MSU ကျောင်းသွားလည်တော့ မျှားပြာကြီးက နားပေါက်ဖောက်ပေးမယ် တကဲကဲလုပ်နေလို့ သူမဖောက်ခင်
ကိုယ်ကအရင်ဦးအောင် ကဗျာထဲမှာ နားကွင်းဆွဲပစ်လိုက်တယ်။ ကိုင်း…မှတ်ကရော :P

17 comments:

Unknown said...

နားကွင်းလေးနဲ့ လန်ထွက်နေတာပဲ
ထိုးချက်တိုင်းဟာ
မြင်းကန်သလို ပြင်းထန်နေရမယ်
ဒါပဲ။
အမလေး ကြောက်တောင်ကြောက်လာပီ ... :P

:) :) :p

ein said...

အဲ့ ဒါဆို ညိမ်းညိုက ခု နားကွင်းနဲ့လားကွ ...:P
တူတူပဲ ...:D

တင့်ထူးရွှေ said...

အဲဒါပြောပါလား :P

ကောင်းအောင် said...

ဒါပဲဗျာ...

မျှားပြာ said...

အေး အေး သေချာပြောပြလိုက်မယ် ....။ ဒါပဲ ...။

layma said...

ဒါပဲ.. တဲ့.. တယ်စွာနေပါလား..။
နားကွင်းနဲ့  အရိုးခေါင်း ခါးပတ်နဲ့ .. စတိုင်လ်ကတော့ သိပ်မိုက်မှာပဲ.. ကဗျာထဲမှာ ပြောတာ...။

Anonymous said...

နားကွင်းနဲ့ပေါ့လေ...
ကဗျာထဲမှာပြောပါတယ်....
ထိုးချက်တွေက
မြင်းကန်သလိုပြင်းထန်နေရမယ်ဆိုပါလား..
မိုက်တယ်..ကြိုက်တယ်..
ဒါပဲ....
:P

Anonymous said...

ကောင်းလိုက်တဲ့ စာသားအတက်အကျ.. သဘောတောင် အတော်ကျသွားတယ်

လင်းဦး(စိတ်ပညာ) said...

အဟဲ..ကိုယ့်ညီက နားကွင်းနဲ့လား.... ကောင်းလိုက်တဲ့ ကဗျာ.. ;)

ထိပေ့သျှင် said...

ဆံပင် ဂုတ်ထောက် ထားပြီး အနားဖွာနေတဲ့ ဂျင်းဘောင်းဘီ လေးပါ ၀တ်လိုက်ဦး။ အခုချိန်ပဲ ပြောတာနော်။ :P

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ နားကွင်း .. အဲ...မှားလို့ ..
ကောင်းလိုက်တဲ့ကဗျာ ... လူငယ်တွေကြား
နားကွင်းက တော်တော် ရေပန်းစားသကိုဗျ

Anonymous said...

နှာခေါင်းဖောက်တာက ကုလာမကြီးတွေပဲ လုပ်တာမဟုတ်လားး စတိုင်လ် ကတော့ တော်တော် မိမယ် :P

SoeMoe said...

နားကွင်းလေးနဲ့ ...အရမ်းမိုက်နေမှာဘဲ..
ကဗျာတွေကလန်ထွက်နေတာဘဲ..။

Mhaw Sayar said...

ထိုးချက်တော့ မသိသေးဘူး.. လောလောဆယ် ရေးချက်ကတော့ မြင်းကန်သလိုပဲ ညီ :D

မင်းကျန်စစ်။ said...

တွေးပီးမြင်ယောင်မိသေး ဟေ့ဟေး :D

Unknown said...

ကဗျာလေးကအချတ်အဆက်မိလိုက်တာ..ကဗျာလာဖတ်နေတာကြာပ
ီဒီကဗျာလေးကိုတော့ကောမန်ရေးခဲ့တယ်နော်ကဗျာဆရာ..။

Unknown said...

အရမ်းကောင်းတယ်..နဘေနဲ့ ကာရံကလိုက်လျောညီလွန်းတယ်... .။