20 January 2010

မြစ်ကမ်းဘေးမှာ

လှိုင်းတွေ ခုတ်မောင်းပြီး
သင်္ဘောတွေ လေလွင့်နေတယ်

ဘဲငန်းတွေ မှိုင်တွေပြီး
ငါးမျှားတံတွေ ထပျံနေတယ်

ဒိုက်ဖတ်တွေ ကခုန်ပြီး
အိပ်မက်တွေ ပေါလောမျောနေတယ်

ကျောက်တုံးတွေ ကူးခတ်ပြီး
ငါးတွေ ငုတ်တုတ်ထိုင်နေတယ်

အဲဒီမြစ်ကမ်းဘေးမှာ
လူတစ်ယောက် ဆုတ်ဖြဲခံရပြီး
ကဗျာတစ်ပုဒ် လမ်းလျှောက်ထွက်နေရဲ့ ။

ညိမ်းညို

7 comments:

tin min htet said...

ခေတ်သစ် ကောသလ အိမ်မက် ..
ကြိုက်တယ် ..

မနုငယ် said...

မင်္ဂလာပါး)

တင့်ထူးရွှေ said...

အဲဒါပြောတာပေါ့ :-)

လင်းဒီပ said...

ဒီလိုပါပဲ ရှင်သန်ခြင်းဆိုတာ..။

ကြယ်ပြာ said...

ကဗျာကမိုက်တယ် ...

Anonymous said...

လှိုင်းတွေ ခုတ်မောင်းပြီး
အီးတုံးတွေ လေလွင့်နေတယ်

အိမ်သာတွေ မှိုင်တွေပြီး
အီးရည်တွေ ထပျံနေတယ်

ဒိုက်ဖတ်တွေ ကခုန်ပြီး
အီးတုံးတွေ ပေါလောမျောနေတယ်

ကျောက်တုံးတွေ ကူးခတ်ပြီး
ငါးတွေ အီးစားနေတယ်

အဲဒီမြစ်ကမ်းဘေးမှာ
လူတစ်ယောက် နှာခေါင်းပိတ်ပြီး
မိန်းမတစု မြစ်ဘေးအ၀တ်လျော်ရင်း သေးပေါက်ချနေလေရဲ့ ။

”””ကဗျာဖတ်ပြီး ဧရာဝတီမြစ်ကမ်းနဘေး ရောက်သွားတာပါ။””””

Mhu Darye said...

ဒါလည်း ကောင်းသားပဲ... ပြောင်းပြန် စီးဆင်းခြင်းပေါ့။

း)