4 January 2010

မေးထူးခေါ်ပြော

ငါတို့နင်းနေတာ ကြမ်း
လမ်းမဟုတ်ဘူး
များများနင်းရင် များများကျွံတယ်။

မြေကိုလည်း မထိရဲ
လေကိုလဲ မထိရဲ
ရေကိုလဲ မထိရဲ
အရာရာမှာ ရှော့ခ်ရှိတယ်။

ဖြစ်ရပုံက
ရိုးရိုးကျင့် မြင့်မြင့်ကြံ
အလုပ်ဟူသမျှ ဂုဏ်ရှိစွ
သမ္မာအာဇီဝကျကျ ငတ်ကြီးကျတယ်။

တရားဆိုချိန် စကားချိုမြိန်
ခြေမမကောင်း ခြေမ
လက်မမကောင်း လက်မ
မှတ်ချက်။ ငါ့လက်မ မပါက ဘယ်ရွေ့ဘယ်မျှ၊

ညိမ်းညို

3 comments:

မမသီရိ said...

မြေကိုလည်း မထိရဲ
လေကိုလဲ မထိရဲ
ရေကိုလဲ မထိရဲ
အရာရာမှာ ရှော့ခ်ရှိတယ်။
..
ဘယ်လိုလုပ်ရပါ့..

Mhu Darye said...

ကိုညိမ်းရေ.. သုံးခါ ပြန်ဖတ်တယ်..သိပ်နားမလည်သေးဘူး။
နောက်တခါ ထပ်လာဖတ်ဖြစ်ရင်.. ထပ်မန့် မယ်ဗျာ..။
:)
အဲ့ဒီအကြိမ်ဆို နားလည်လောက် ကောင်းပါရဲ့ ။

ရွှန်းမီ said...

“မေးမထူး ခေါ်ပြောချင်မှပြော” ထက်စာရင် “မေးထူးခေါ်ပြော”က တော်သေးတာပေါ့လေ.. အဲ့လိုပဲ ဖြေရတာပေါ့ =)