၂၀၀၈
ချန်ရစ်ကြစို့
အတ္တ၊ မာန ကင်းပကြဉ်ခွာ။
၂၀၀၉
ရှေ့တိုးလှမ်းစို့
ပရ၊ ဉာဏ လင်းမြညီစွာ။
ပြီးခဲ့တဲ့နှစ်တုန်းက ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ ခုတိုင်အောင်လည်း ဒီဆုကိုပဲ လိုလားတောင့်တမိပါတယ်။ အတ္တ ပရ သဟဇာတကျကျ ညီညွတ်လှပချင်တယ်။ မာန်မာနအဖုအထစ်နဲ့ တင်းခံပိတ်ဆို့စေတဲ့ အရာကိစ္စတိုင်း သင်ကြားမှုတိုင်းမှာ ရိုးဖြောင့်တဲ့စိတ်အခံ၊ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတဲ့ အသိနဲ့ အစားထိုး ဖြေရှင်းနိုင်ချင်တယ်။ ၂၀၀၉ မှာ ပျော်ရွှင်ကြည်နူးခဲ့ရတာတွေအတွက် မိဘ ညီအကိုမောင်နှမများနဲ့အတူ ဆရာ၊ဆရာမများ သူငယ်ချင်းမိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။
အထိအခိုက် အရှအနာကင်းသော စစ်ပွဲရယ်လို့တော့ ဆုတောင်း၍ ရကောင်းမည် မထင်ပါ။ စစ်ပွဲတွေမဖြစ်ကြခြင်းကသာ အထိအခိုက် အရှအနာကင်းဖို့ အသင့်တော်ဆုံး နည်းလမ်းဖြစ်မယ် ထင်ပါတယ်။ တစ်ဦးဆိုင်နာမ် စစ်ပွဲကလေးတွေကနေ အများဆိုင်နာမ် စစ်ပွဲကြီးတွေအထိပေါ့။
စာသင်ကျောင်းတွေမရှိသေးတဲ့၊ စာပေနဲ့ ဘာသာစကား မတွေ့ရှိသေးတဲ့၊ အသိအမြင် ဘာသာတရားမထွန်းကားသေးတဲ့ ဟိုးကျောက်ခေတ်တွေတုန်းကတော့ လူတွေဟာ ကိုယ့်ကိုနာကျင်အောင်၊ ထိခိုက်အောင် လုပ်လာတယ်လို့ ယူဆရင် ကျောက်ချွန်ကျောက်သွားတွေ ကျောက်လက်နက်တွေကို အရင်သတိရတတ်တာ သဘာဝကျမှာပါ။
အာကာသယာဉ်တွေစီးပြီး ကျောက်ခေတ်ကို ဘက်ဂီယာပြန်မထိုးမိဖို့ ကျနော်တို့ ကျနော်တို့ချင်းပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေပြောကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ကဗျာတွေ စာတွေရေးပြီး နွေးထွေးကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ထမင်းအတူစားရင်း၊ သစ်ပင်အတူစိုက်ရင်း၊ ဘောလုံးအတူကန်ရင်း သူ့ဝမ်းကိုယ့်ဝမ်း မြိန်စေကြရအောင်၊ သူ့ခြံကိုယ့်ခြံ စိမ်းလန်းစေကြရအောင်၊ သူ့ခွန်အား ကိုယ့်ခွန်အား ဖွံ့ဖြိုးစေကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို လူစွာ ၀င်မလုပ်ခိုင်းကြေး။ တွေးခေါ်ပြီး ဆင်ခြင်ပြီး ကြံဆပြီး အလုပ်တွေလုပ်ဖို့ ဦးနှောက်ကို ညှစ်ကြရအောင်။ စာနာပြီး အပြန်အလှန်ဝေမျှပြီး ယုံကြည်နားလည်ပြီး အလုပ်တွေလုပ်ဖို့ နှလုံးသားကို ညှစ်ကြရအောင်။ မောင်းခလုတ် ညှစ်ရတာထက် လေးနက်တဲ့ ပျော်ရွှင်မှုကို အတူတူ ရှာကြရအောင်။ လက်နက်တွေနဲ့ အကြောက်တရားရဲ့ လွှမ်းမိုးမှုအောက်မှာ လူအဖြစ်ရဲ့ ဂုဏ်သိက္ခာနဲ့ အသိဉာဏ်တို့ မသိမ်ငယ်ပါရစေနဲ့လား။
နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ… ညခင်းတို့ မြူကင်းဝင်းပစေ...အထိအခိုက် အရှအနာကင်းသော စစ်ပွဲရယ်လို့တော့ ဆုတောင်း၍ ရကောင်းမည် မထင်ပါ။ စစ်ပွဲတွေမဖြစ်ကြခြင်းကသာ အထိအခိုက် အရှအနာကင်းဖို့ အသင့်တော်ဆုံး နည်းလမ်းဖြစ်မယ် ထင်ပါတယ်။ တစ်ဦးဆိုင်နာမ် စစ်ပွဲကလေးတွေကနေ အများဆိုင်နာမ် စစ်ပွဲကြီးတွေအထိပေါ့။
စာသင်ကျောင်းတွေမရှိသေးတဲ့၊ စာပေနဲ့ ဘာသာစကား မတွေ့ရှိသေးတဲ့၊ အသိအမြင် ဘာသာတရားမထွန်းကားသေးတဲ့ ဟိုးကျောက်ခေတ်တွေတုန်းကတော့ လူတွေဟာ ကိုယ့်ကိုနာကျင်အောင်၊ ထိခိုက်အောင် လုပ်လာတယ်လို့ ယူဆရင် ကျောက်ချွန်ကျောက်သွားတွေ ကျောက်လက်နက်တွေကို အရင်သတိရတတ်တာ သဘာဝကျမှာပါ။
အာကာသယာဉ်တွေစီးပြီး ကျောက်ခေတ်ကို ဘက်ဂီယာပြန်မထိုးမိဖို့ ကျနော်တို့ ကျနော်တို့ချင်းပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေပြောကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ကဗျာတွေ စာတွေရေးပြီး နွေးထွေးကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို ကိုယ်စားမပြောခိုင်းကြေး။ ကျနော်တို့ ကျနော်တို့ချင်းပဲ ထမင်းအတူစားရင်း၊ သစ်ပင်အတူစိုက်ရင်း၊ ဘောလုံးအတူကန်ရင်း သူ့ဝမ်းကိုယ့်ဝမ်း မြိန်စေကြရအောင်၊ သူ့ခြံကိုယ့်ခြံ စိမ်းလန်းစေကြရအောင်၊ သူ့ခွန်အား ကိုယ့်ခွန်အား ဖွံ့ဖြိုးစေကြရအောင်။ ဘာမဟုတ်တဲ့ လက်နက်တွေကို လူစွာ ၀င်မလုပ်ခိုင်းကြေး။ တွေးခေါ်ပြီး ဆင်ခြင်ပြီး ကြံဆပြီး အလုပ်တွေလုပ်ဖို့ ဦးနှောက်ကို ညှစ်ကြရအောင်။ စာနာပြီး အပြန်အလှန်ဝေမျှပြီး ယုံကြည်နားလည်ပြီး အလုပ်တွေလုပ်ဖို့ နှလုံးသားကို ညှစ်ကြရအောင်။ မောင်းခလုတ် ညှစ်ရတာထက် လေးနက်တဲ့ ပျော်ရွှင်မှုကို အတူတူ ရှာကြရအောင်။ လက်နက်တွေနဲ့ အကြောက်တရားရဲ့ လွှမ်းမိုးမှုအောက်မှာ လူအဖြစ်ရဲ့ ဂုဏ်သိက္ခာနဲ့ အသိဉာဏ်တို့ မသိမ်ငယ်ပါရစေနဲ့လား။
"ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကို လာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ".....မင်းမြင့်ဇင်
ရွက်နုတို့ ဝေပါစေ
မျိုးဆက်သစ်တို့ ဝေပါစေ၊
မိုးတွေ စွေပါစေ
ဂရုဏာတရားတွေ စွေပါစေ၊
နှင်းတွေ ဖွေးပါစေ
ချစ်ခြင်းမေတ္တာတွေ ဖွေးပါစေ၊
နေမင်းကြီး ထွန်းလင်းပါစေ
ဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊
လမင်းကြီး သာပါစေ
စာနာမှုတရားတို့ သာပါစေ၊
ဆွေးနွေးရင်းငြင်းခုံ၊ ငြင်းခုန်ရင်းဆွေးနွေး
ညီအကိုတို့ ဖေးမနိုင်ပါစေ၊
ပေါင်းစီးရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း
ညီအကိုတို့ သွေးနီးနိုင်ပါစေ၊
တိုင်ပင်ရင်းအဖြေရှာ၊ အဖြေရှာရင်းတိုင်ပင်
ညီအကိုတို့ ချစ်ခင်နိုင်ပါစေ၊
သင်ယူရင်းတည်ထောင်၊ တည်ထောင်ရင်းသင်ယူ
ညီအကိုတို့ စိတ်တူကြည်ဖြူနိုင်ပါစေ၊
နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ပါစေ၊
မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ၊
ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ။
ညိမ်းညို
9 comments:
မင်္ဂလာနှစ်သစ်ပါ ကိုညိမ်းညို ..
တောင်းတဲ့ဆု မတောင်းတဲ့ဆု အားလုံးပြည့်ပါစေ ..
ငြိမ်းချမ်းတဲ့ ကဗျာလေးပါ။
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လမ်းသစ်တွေ ဖောက်နိုင်ပါစေ။
နှစ်အသစ်တစ်ခုမှာ အားလုံး အသစ်တွေဖြစ်ပါစေ :)
မင်္ဂလာရှိတဲ့ဒီနှစ်သစ်မှာ ကောင်းသောသတင်း ကောင်းသောစကားတွေပဲကြားပြီး ကောင်းတဲ့အဖြစ်အပျက်တွေနဲ့ပဲ ကြုံဆုံရပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။ ဒီ၂၀၁၀ခုနှစ်ကနေစပြီး ချစ်သောသူတွေနဲ့ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာနဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ နေနိုင်ပါစေ.
နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ပါစေ
ကဗျာလေးရော အက်ဆေးလေးကော နှစ်ခြိုက်မိပါတယ်။
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
စာကောင်းလေးတွေ အများကြီးဆက်လက်ရေးနိုင်ပါစေ။
နှစ်သစ်မှာပျော်ရွှင်ပါစေ
ကိုယ်ရေးခဲ့တဲ့ ကဗျာလေးနဲ့ ခေါင်းစဉ်တူနေလို့ လာဖတ်ဖြစ်တာ.. စိတ်ဝင်စားဖွယ် ကဗျာတွေ အများကြီးနဲ့ ဘလော့လေးမို့link လဲယူသွားတယ်
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ
ထပ်လာဖတ်တယ်နော်
Post a Comment