သံယောဇဉ်မြစ်ညှာမှာ
အလွမ်းတွေ ညှို့လာပြီဆို
ကိုယ့်ရင်တစ်ရိုး
မိုးတွေ သဲသဲလှုပ်ရွာချတော့မယ်
သတိရခြင်း တိမ်ခိုးတွေရယ်ပေါ့
သူတို့
ကိုယ့်စကားကို နားမထောင်ကြဘူး
ရွာရန်ရာနှုန်းပြည့်။
ညိမ်းညို
5 August 2009
Diseño por headsetoptions | A Blogger por Blog and Web
11 comments:
သဲသဲလှုပ်တော့ ရွာမချလိုက်ပါနဲ့
တစ်ကိုယ်လုံး ရွှဲရွှဲစိုကုန်ဦးမယ် :)
JK နော် ကေအိုး)
ဘယ်နားထောင်မလဲဗျ ကိုညိမ်းက ကဗျာမှ မှန်မှန်မရေးတာကို ။ :P
ကဗျာလေး ကြိုက်တယ်ဗျာ ။
ညီလေး ညီမ်းညို
ကိုကတော့ ကဗျာလေးဖတ်ပီး သိမ်းထားတာတွေ ရွာချလိုက်ပြီဗျာ။ ရာနှုန်းပြည့် ကို...။
(စကားမစပ်၊ တက်၈်ထားတာလေးး ဖြစ်နိုင်ရင် ရေးပေး စေချင်ပါတယ်)
ကဗျာလေးလှတယ်ဗျာ :)
ညီလေး စာတွေတော်တော်ထွက်နေတာပဲ
ကျောင်းပိတ်ထားလို့လား
ကျောင်းပိတ်ရက်မို့စာတွေသွန်ရေးနေတယ်ပေါ့
ရာနှုန်းပြည့် ရွာပြီလားဗျ :)
ညီလေး ဒီကဗျာဖတ်လိုက်တော့ ဟိုတခါရေးဖူးတဲ့ ထိကရုန်းပင် (ညီလေး ဟိုတခါရေးတဲ့ ကဗျာလေး)ပြန်သတိရတယ်...။
နာမည်တော့မမှတ်မိတော့။
“ကျိုးကျိုးနွံနွံ”
ပြင်းပြင်းထန်ထန်ကြီး
တိုက်ခတ်လိုက်မှ မဟုတ်ပါဘူး
ညင်ညင်သာသာလေး တို့ထိလိုက်ရုံနဲ့
ရင်ခွင်တရိုး ညှိုးဖတ်နွမ်းရော်
ချစ်သူရယ်...
မင်းမျက်ဝန်းမှာ
ဥပက္ခာမိုးသားတွေ ညှို့တက်လာပြီဆိုမှဖြင့်
ဘာကြောင့်မှန်းမသိ
ကိုက ထိကရုန်းပင်လေး ဖြစ်ဖြစ်သွားတယ်...။
ညိမ်းညို
ဒီဥစ္စာလေးပြောတာ...။
ဘယ်တော့ရွာမှာလဲဟ ... ရွာချလိုက်တော့ကွာ ...
ရွာမလို မရွာမလိုနဲ့ မိုးသံပေးနေတာနေတာပေါ့ ။
ခံစားသွားတယ် အကို ။
Post a Comment