5 August 2009

ရွာရန်ရာနှုန်းပြည့်

ရွာရန်ရာနှုန်းပြည့်

သံယောဇဉ်မြစ်ညှာမှာ
အလွမ်းတွေ ညှို့လာပြီဆို
ကိုယ့်ရင်တစ်ရိုး
မိုးတွေ သဲသဲလှုပ်ရွာချတော့မယ်
သတိရခြင်း တိမ်ခိုးတွေရယ်ပေါ့
သူတို့
ကိုယ့်စကားကို နားမထောင်ကြဘူး
ရွာရန်ရာနှုန်းပြည့်။

ညိမ်းညို

11 comments:

Unknown said...

သဲသဲလှုပ်တော့ ရွာမချလိုက်ပါနဲ့
တစ်ကိုယ်လုံး ရွှဲရွှဲစိုကုန်ဦးမယ် :)
JK နော် ကေအိုး)

mgngal said...

ဘယ်နားထောင်မလဲဗျ ကိုညိမ်းက ကဗျာမှ မှန်မှန်မရေးတာကို ။ :P
ကဗျာလေး ကြိုက်တယ်ဗျာ ။

Mogok Thar said...

ညီလေး ညီမ်းညို

ကိုကတော့ ကဗျာလေးဖတ်ပီး သိမ်းထားတာတွေ ရွာချလိုက်ပြီဗျာ။ ရာနှုန်းပြည့် ကို...။

(စကားမစပ်၊ တက်၈်ထားတာလေးး ဖြစ်နိုင်ရင် ရေးပေး စေချင်ပါတယ်)

အိုင်လွယ်ပန် said...

ကဗျာလေးလှတယ်ဗျာ :)

ကိုထွန်းထွန်း said...

ညီလေး စာတွေတော်တော်ထွက်နေတာပဲ
ကျောင်းပိတ်ထားလို့လား

ကိုထွန်းထွန်း said...

ကျောင်းပိတ်ရက်မို့စာတွေသွန်ရေးနေတယ်ပေါ့

စိုင်းလောဝ်ပိန်း said...

ရာနှုန်းပြည့် ရွာပြီလားဗျ :)

လင်းဒီပ said...

ညီလေး ဒီကဗျာဖတ်လိုက်တော့ ဟိုတခါရေးဖူးတဲ့ ထိကရုန်းပင် (ညီလေး ဟိုတခါရေးတဲ့ ကဗျာလေး)ပြန်သတိရတယ်...။
နာမည်တော့မမှတ်မိတော့။

လင်းဒီပ said...

“ကျိုးကျိုးနွံနွံ”

ပြင်းပြင်းထန်ထန်ကြီး
တိုက်ခတ်လိုက်မှ မဟုတ်ပါဘူး
ညင်ညင်သာသာလေး တို့ထိလိုက်ရုံနဲ့
ရင်ခွင်တရိုး ညှိုးဖတ်နွမ်းရော်
ချစ်သူရယ်...
မင်းမျက်ဝန်းမှာ
ဥပက္ခာမိုးသားတွေ ညှို့တက်လာပြီဆိုမှဖြင့်
ဘာကြောင့်မှန်းမသိ
ကိုက ထိကရုန်းပင်လေး ဖြစ်ဖြစ်သွားတယ်...။

ညိမ်းညို

ဒီဥစ္စာလေးပြောတာ...။

ဖြိုးငယ် said...

ဘယ်တော့ရွာမှာလဲဟ ... ရွာချလိုက်တော့ကွာ ...

Anonymous said...

ရွာမလို မရွာမလိုနဲ့ မိုးသံပေးနေတာနေတာပေါ့ ။
ခံစားသွားတယ် အကို ။