အနည်းဆုံး
ဖူးဖူးယောင် အနာတစ်လုံးစီတော့
လူတိုင်းမှာ ရှိကြတာချည်း
သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ်
ရန်လိုရင် ရန်ပိုတယ်။
မျက်စိအောက်တင်
စံပယ်ငုံလေးတွေပွင့်လာပုံက ချစ်ဖို့ကောင်းတယ်
ညအသေကြီးထဲက မီးတောက်
တစ္ဆေမကြောက်လို့ လင်းနေပုံ
ငါလွဲနေလည်း ငါ့ငရဲနဲ့ငါ။
ညိမ်းညို
11 July 2009
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
14 comments:
ဟုတ်တယ် သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ်ပဲ ရန်လိုရင်တော့ ရန်ပိုမှာပဲ.... :P :P :P
နယ်ရေ ကဗျာလေးသဘောကျတယ် :)
ကောင်းသောနေ့ပါ :)
မိုက်တယ်
ငါ လွဲနေရင်လည်း ငါ့ငရဲ နဲ့ ငါ...း)
သဘောကျမိ၏။
သင်းကွဲ
ငါလွဲနေလည်း ငါ့ငရဲနဲ့ငါ ...
ကောင်းတယ်ဗျာ ...
မိုက်တယ်ဟေ့
ကိုယ့်ငရဲ့နဲ့ကိုယ်ပဲ
ငါလွဲနေလည်း ငါ့ငရဲနဲ့ငါ။
ငါလွဲနေလည်း ငါ့ငရဲနဲ့ငါ။
ငါလွဲနေလည်း ငါ့ငရဲနဲ့ငါ။
အဲဒီ့တစ်ကြောင်းထဲကို အထပ်ထပ်ရွတ်ပြီးပြန်သွားတယ်..။
ငါလွဲနေလည်း ငါ့ငရဲနှင့်ငါ...
ဆိုတော့ လွဲနေလည်း ပူလောင်မှုကအနားမှာ
သင်းကွဲအတွေးတွေ တွေးသွားတယ်...။
တပုဒ်လုံး အခေါက်ခေါက်ဖတ်ကာ သွာ၏ ။
ဒီလိုပါပဲ ကိုညိမ်းညိုရာ ..
ကိုယ့်ဘ၀ကိုယ် ဘယ်လိုပဲ ငရဲလို့ ထင်ထင်
လွဲချင်လွဲ ကွဲချင်ကွဲ.. အသက်တော့ ဆက်ရှင်ချင်သေးတာပဲ ..
ငါလွဲနေလည်း ငါ့ငရဲနဲ့ငါ ဆိုတာလေးတော့ အကြိုက်ဆုံးပဲဗျာ။
ခင်များအလွဲ ခင်များငရဲမှာ သင်းကွဲဖြစ်နေရင်တောင်
ခင်များကဗျာတွေနဲ့ ပျော်နေအုံးမှာ ကျုပ်ယုံတယ် ဆြာညိမ်းရေ..။
TGRmg
တစ်ပိုဒ်လုံးကတော့ ပြောစရာမရှိအောင်ကို လွတ်ကောင်းဗျာ
Post a Comment