6 August 2009

သတ်ကွင်းများကို ဖြတ်ကျော်စဉ်

သတ်ကွင်းများကို ဖြတ်ကျော်စဉ်

လရောင်ခမ်း ကြယ်ရောင်ခမ်း
ညအကန်းကြီး
လွမ်းလောက်စရာမရှိ
ကိုယ့်သတိနဲ့
ကိုယ့်အသက်ကိုယ် ပြန်ထိစမ်းမိ
ချောက်ကမ်းပါးကြီးများ
နေရာတိုင်းမှ ညှို့ငင်တုန်ခါ။

အရိုးထဲသုည
ခြားနားတန်ဖိုးများစွာ
ဒဏ်ရာတွေ ပန်းလိုပွင့်ခဲ့ပေါ့
ဘ၀မှာ...။

ညိမ်းညို

8 comments:

khine said...

သတ်ကွင်းများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေ...

လင်းဒီပ said...

စိတ်တွေ တကယ်ခြောက်ခြားသွားအောင် ကဗျာတိုတိုလေးနဲ့ခေါ်ငင်သွားတယ် သတ်ကွင်းတွေဆီ...။
စိတ်ဟာ အမှောင်ညဆိုးထဲ သတ်ကွင်းတွေ ကျော်ဖြတ်ပေါ့။

စိုင်းလောဝ်ပိန်း said...

ဖတ်နေရင်းနဲ့တောင် ဒဏ်ရာတွေ ရရသွားတယ်။
ကဗျာဆရာနဲ့အတူ သတ်ကွင်းတွေကို ဖြတ်သွားကြောင်း

အိုင်လွယ်ပန် said...

ကဗျာဖတ်နေတုန်း
အသက်ရှုဖို့ ခဏမေ့သွားတယ် ...
သတိတွေ ကြီးနေရလွန်းလို့ ...

Eduking said...

တိုတိုလေးနဲ့ မိပါ့ အစ်ကိုရေ.. တကယ်ဆို ပန်းအယောင်ဆောင်ထားတဲ့ ဒဏ်ရာတွေက များသား..

ဖြိုးငယ် said...
This comment has been removed by the author.
ဖြိုးငယ် said...

အော် .. သတ်ကွင်း သတ်ကွင်း ..
အသက်ကိုရင်းပြီး ခဏ ခဏ ဖြတ်ကျော်နေရတာပဲလေ ...

မိုးလှိုင်ည said...

ကိုညိမ်းညို

ဒဏ်ရာတွေ ပန်းလိုပွင်ပြီး
ကဗျာဆရာ ဘ၀ကို ရယူထားခဲ့ရတယ်...
ရင်ဘတ်ချင်းတူတယ်ဗျာ...

မွေးနေ့ဆုတောင်းပေးတဲ့အတွက်
ကျေးဇူး အရမ်းတင်တယ် ကိုညိမ်းညို
ကျောင်းစာတွေ များနေလို့လားမတွေ့တာကြာပြီ...။