15 December 2007

ဆွေးနွေးခြင်း

လူတစ်ယောက်သည် မိမိသဘောထားကိုသာ အလေးအနက်ထားပြီး တစ်ဖက်သားအား တင်စီးခြင်းဖြင့် ဆွေးနွေးညှိုနှိုင်းခြင်းကို အဆုံးသတ်လျှင် မကျေနပ်မှုသာ အဖတ်တင်လိမ့်မည်။ ဆင်ခြင်တုံတရားရှိသူသည် သူရရှိ သော အရာအတွက် ရက်ရောစွာ ပြန်ပေးသည်။ ဆင်ခြင်တုံတရားမရှိသူက ဘာမှပြန်မပေးလျှင်လည်း ခွင့်လွှတ်သည်။ ဆင်ခြင်တုံတရားရှိသူသည် မိမိ၏ရက်ရောမှုအတွက် ကျေးဇူးတင်ချီးကျူးခြင်းကို လုံးဝမလိုလား။ အပြန် အလှန် အပေးအယူပြုလုပ်ခြင်းကိုလည်း လုံးဝမကြိုက်။ ကောင်းကင်ဘုံက မြှောက်စားခြင်းကိုပင် မနှစ်သက်။ သူသည် သူ့နည်းလမ်းကို လိုက်နာခြင်းသာ ဖြစ်သည်။ သူ့နည်းလမ်းသည် သူနှင့်အတူ ရှိနေ၏။

- မောင်ပေါ်ထွန်း "ဘ၀ခရီးသည်၏ အဖော်မွန်" မှ ..

1 comments:

Anonymous said...

ဒီပိုစ့်ထဲက အတွေးလေးတွေကိုမျှတဲ့ အတွက်ကျေးဇူးပါ ကိုညိမ်းညို…

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)