သူငယ်ချင်း တင့်ထူးရေ
မင်းနေသာထိုင်သာရှိရဲ့လား
ရာသီဥတုကြည်လင်ပါရဲ့လား
ခြေခင်းလက်ခင်းသာပါရဲ့လား
စကားဝိုင်းမှာ ဟိန့်လုံးဟန့်လုံးတွေ သုံးနေကြတုန်းပဲလား
လူယဉ်ကျေးတို့ ဆဲရေးတိုင်းထွာမှုမှာ စာသံပေသံလေးတွေ ကပ်ညိနေတုန်းပဲလား
နီတိလှလှလေးတွေကို အမှားဖျက်ဆေးအဖြစ် သုံးစွဲတော်မူနေကြတုန်းပဲလား
ဘယ်လိုပဲဖြစ်စေ မင်းထွက်မလာနဲ့နော် ငြိမ်ငြိမ်လေးနေကွ
ကိုယ့်ဝပ်ကျင်းလေးထဲကနေကိုယ် ဘယ်မှမထွက်လေနဲ့
လက်သံပြောင်ရင် လက်ခုပ်တီးနေကြတဲ့ ခေတ်ကြီးမှာကွာ
သမ္ဘာတွေ က၀ိတွေကလည်း များပါဘိသနဲ့
မင်းတို့ငါတို့ ပိစိညှောက်တောက်လေးတွေဆိုတာ..
အေး..သူငယ်ချင်းရေ
ငါ့ဆီလည်းမင်းမလာနဲ့ဦး မင်းဆီလည်းငါမလာသေးဘူး
ကိုယ့်ဝပ်ကျင်းလေးထဲကိုယ်
နွေဆယ်ခု မိုးဆယ်ခု ဆောင်းဆယ်ခု
ငါတို့ ပုန်းအောင်းနေကြစို့
တစ်ပါးသူကို လှည့်စားရရုံသက်သက်နဲ့တော့
လူရည်လည် မဖြစ်ပါရစေနဲ့ကွာ
လူညွှန့်တုံးကာမှ တုံးစေတော့ ငါတို့ ပုန်းနေကြစို့ သူငယ်ချင်းရေ
ငါတို့စိတ်မှာ အခုအခံတွေကင်းရှင်းတဲ့တစ်နေ့
အင်္ကျီအသစ်တွေဝတ်လို့ ငါတို့လမ်းလျှောက်ထွက်ကြတာပေါ့
လူနဲ့လူချင်း ချိုသာရယ်မော စကားပြောရတာ
ထင်ထားသလောက်မခက်ပါကြောင်း ကဗျာလေးတွေနဲ့စာလုံးပေါင်းလို့
အဲဒီတစ်နေ့မှာ ငါတို့ ပျော်မွေ့ကြရအောင်
အခုတော့ ထွက်မလာပါနဲ့ဦး သူငယ်ချင်းရယ် ကြောင်ကြီးကိုက်လိမ့်မယ်ကွဲ့။
ညိမ်းညို
10 December 2007
ထွက်မလာပါနဲ့ သူငယ်ချင်းရယ် ကြောင်ကြီးကိုက်လိမ့်မယ်
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
4 comments:
မိုက်သကွာ...ကဗျာလိုလို...စကားပြောလိုလို...သီချင်းလိုလို...သားချော့တေးလိုလို ... ညည်းသံလိုလိုနဲ့....။ နားထောင်ကောင်းကောင်း...အဲ...ဟုတ်ဘူး...ဖတ်ကောင်းကောင်းနဲ့ဖတ်ပြီး နေရင်းထိုင်ရင်း ကြောင်မျိုးကိုတောင် ကြောက်သွားသလိုပဲ...။ :P
တင့်ထူးပဲလားဗျ ဟဲ ဟဲ :D အဆင်ပြေပါစေဗျာ :D
ကောင်းလိုက်တာဗျာ။ကျွန်တော့်တစ်ကိုယ်လုံးဟောင်းနွမ်းနေတဲ့အချိန်မှာဒီကဗျာလေးဖတ်ရတာ၊ကျွန်တော့်ဒိုင်ယာရီထဲကစာရွက်ကလေးတစ်ရွက်တော့ဒီနေ့ရွှေဖြစ်ပြီပေါ့ဗျာ။ကျန်းမာပါစေ။ကျွန်
တော်ညိုထက်ညိုပါ။
သားး ဘာမှမလုပ်ဘူးနော် ဟိုဒါက ကြောင်အစစ် အနော်က ငကြောင်း) ကိုတင့်က ကိုညိမ်းညိုလို သူငယ်ချင်းတစ်ယောက်ရှိတာ ပျော်စရာကြီး အားကျတယ် ။
Post a Comment