ပလတ်စတစ်အိတ်တွေ
လေမှာဖွေးဖွေး
ရေဘုံဘိုင်က
တစ်စက်ချင်းလိမ့်ကျလို့
အိမ်ကြိုအိမ်ကြား
စကားစီးကြောင်းတွေ ဝေ့ကာဝိုက်ကာ
နေက
တစ်ခါတစ်ရံ ခြစ်ခြစ်တောက်ပူ
တစ်ခါတစ်ရံတော့ အုံ့မှိုင်း
သန်းမကြီးတစ်ချို့
လက်သဲခွံနှစ်ခုကြား
အိပ်မောကျသွားချေပေါ့
မွစာကျဲမီးသွေးအိတ်များ
ထိုးထိုးထောင် မဲညစ်ပေပွ
မကျွတ်မလွတ်သေးအံ့သော
ပုရစ်များ
ဖားများ
ကြွက်များ
ကြပ်ခိုးအလိမ်းလိမ်း
သစ်မာများ၊ ဘိလပ်မြေအိတ်များ
ထရပ်ကားကြီးများ အလီလီအလူးလူး
ကပ်သီးကပ်သတ်ဖြတ်မောင်းကြ
ထုံးကားအတင်အချ
ကြမ်းရှလက်ဖ၀ါးများ
လက္ခဏာရေးတို့ မှုန်ေ၀၀ါး။
ရပ်ကျော်ရွာကျော်
ငယ်မိုက်ကြီးမိုက် ဆိုးပေတေကြီးများ
ဇွန်းသံပန်းကန်သံ
ခွက်ပျောက်သံ တက်ခေါက်သံ
ကလေးငိုသံ တေးဆိုသံ
အကြွေးတောင်းသံ ဈေးရောင်းသံ
အရက်သမားက သူ့မယားကိုငေါက်သံ
တစ်ခါတစ်ရံ ရန်တွေ့သံများနှင့်တကွဖြစ်သော
နေသားတကျ အသက်ရှူသံများ။
စိတ်ရင်းစေတနာမှန်
စုံညီသံပြိုင်
ရွက်တိုင်ထူကြ
အတူတကွ ဖေးကူမ
သာစွအေးစွ
သို့ကလို အခါသမယတွေလဲရှိပေါ့
ကိုကိုလံကဓောကို
ရယ်ရင်းမောရင်း
ဖက်လဲတကင်း
ကူညီဝေမျှ ဖြေရှင်းကြရာ
ချစ်ကြည်တေးသံသာများလွှမ်းသော
အနည်းငယ် ကြေးနီရောင်သမ်းသော
အနည်းငယ် မလိမ်မိုးမလိမ်မာရှိသော
အနည်းငယ် အဆီအငေါ်မတည့်သော
အဲ...
အနည်းငယ်စွဲမက်ဖွယ်ရာလဲရှိပေထသော
ငါတို့ရဲ့ သုခဘုံကလေး။
ညိမ်းညို
9 February 2009
ရပ်ကွက်
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
18 comments:
ကဗျာလေးကကောင်းပါတယ်..အားပေးလျှက်ပါ ။
နယ်ရေ ရပ်ကွက်လေးပီသပါပေတယ် :)
ညီတို့ရပ်ကွက်ကိုပြောတာလား :P
ကောင်းတယ်နယ်ရေ ထင်းခနဲလင်းခနဲမြင်ရတယ် အိမ်လွမ်းအောင်လုပ်နေပြန်ပါပီ :)
ကောင်းသောနေ့နယ်ရေ :)
နယ်ရေ ရပ်ကွက်လေးပီသပါပေတယ် :)
ညီတို့ရပ်ကွက်ကိုပြောတာလား :P
ကောင်းတယ်နယ်ရေ ထင်းခနဲလင်းခနဲမြင်ရတယ် အိမ်လွမ်းအောင်လုပ်နေပြန်ပါပီ :)
ကောင်းသောနေ့နယ်ရေ :)
ဒီရပ်ကွက် ညိမ်းညိုဆိုတာ ရှိသလား... ရာကြီးဆိုတာ ရှိသလား... ရှိရင်ထွက်ခဲ့... ကျန်တဲ့ကောင်နဲ့ငါနဲ့ ချမယ်... ဘယ်သူမှမရှိတုန်း မူးရမ်းသွားတယ်... အဟတ်ဟတ်...
ရပ်ကွက်ပီသတယ်ကိုညိမ်းရေ .....
တကယ့် ကြမ်းတမ်းပေမဲ့ ချစ်စရာ ဘ၀လေးတွေပေါ့။ အရမ်းကောင်းတယ် ကဗျာဆရာ။
ရပ်ကွက်ကလေးကို ပုံဖော်ထားတာ လှတယ် ။
ရပ်ကွက်ထဲ ဝင်လည်သွားတယ်ဗျ...
ကဗျာ လာဖတ်ပါတယ်ဗျာ :)
ကိုယ်လည်း နေခဲ့ဖူးပါတယ်..
အဲလို သုခဘုံလေးမှာ..
ကိုညိုရေ မောင်ချောနွယ်ကို သွားသတိရတယ်ဗျာ။ ပေါ်လွင်ပါပေ့။ ကျွန်တော်တို့ လည်း ရပ်ကွက်ထဲ ရောက်သာရောက်တာ ဒီလိုမခံစားဖူးဘူး။ ရပ်ကွက်ထဲ ဒီလိုမြင်ကွင်းတွေ တွေ့ တိုင်း ကဗျာကို သတိရနေတော့မှာပါ။ ခင်မင်လေးစားလျက်။
ရပ်ကွက်ထဲက ဘောလုံးပွဲ ကြေးပြောသံ... ဂဏန်းနှစ်လုံး မေးသံတွေလည်း ပါပေလိမ့်မယ်...။ ဒါမှ ရပ်ကွက်ပိုပီသရှာပေမည်..။
လက္ခဏာရေးတို့ မှုန်ေ၀၀ါး။
နေသားတကျ အသက်ရှူသံများ။
အနည်းငယ်စွဲမက်ဖွယ်ရာလဲရှိပေထသော
ငါတို့ရဲ့ သုခဘုံကလေး။
တစ်ခါတစ်ရံတော့
အိမ်ကြိုအိမ်ကြား
စကားစီးကြောင်းတွေ ဝေ့ကာဝိုက်ကာ
စကားလုံးသုံးတာတွေကြိုက်တယ်ဗျာ
ဆြာညိမ်းရေးလိုက်မှဖြင့် ထင်းခနဲ လင်းခနဲပဲ။
အဲဒီရပ်ကွက်လေးထဲမှာ ကဗျာစာအုပ်တွေ ကဗျာရေးစာရွက်ကြမ်းတွေနဲ့ ပျော်တတ်တဲ့ လူတစ်ယောက်ရှိသေးတယ်ဟုတ် :)
:-)
အင်း.. ညီမလည်း ဒီရပ်ကွက်ထဲ ရောက်ပြီး မပြန်နိုင် ဖြစ်နေတာ..
ဒါပဲလား ဘ၀ဆိုတာ...
ကိုညိမ်းညို ရဲ့ ကဗျာ ရပ်ကွက် ကို သေချာဖတ်အပြီး ကိုယ့်ရပ်ကွက်လေးကို ပြန်လွမ်းမိသွားတယ်..။
တမျိုးလေးဘဲ ..သေချာဖတ်သွားပါတယ်
အားကျတယ် အကို ရာ။
တော် လွန်း ပါရော။
Post a Comment