အနေကြာဝေးပေမဲ့
မဖြေသာသေးပါဘူးကွယ်၊
တစ်သက်တာ ထာဝရမို့
တစ်မျက်နှာ တစ်ဘ၀ပါပဲ
ရင်ထဲငြိတွယ်၊
မမြင်ကွယ်ရာ ရှောင်နွဲ့ပြေးပါနဲ့
အစဉ်တွယ်တာ နှောင်ဖွဲ့တေးသီမကွဲ့
ဆွေးသူရဲ့ ဇာတ်အစုံ
တွေးရုံနဲ့ ကြေနွမ်း၊
ဘယ်နံရံ ဘယ်တံတိုင်းတွေက
ဘယ်မှိုင်းတွေ ဘယ်ပုံခတ်သော်လဲ့
ကျော်ဖြတ်မယ် စိတ်မာန်တင်းပါလို့
ပျော်ရဲတယ် ချစ်သူခင်နဲ့
တူယှဉ်ကာ ညီညာလှမ်းပါစို့
အချစ်ရယ်...
တို့လျှောက်မဲ့လမ်း။
ညိမ်းညို
14 February 2009
တို့လျှောက်မဲ့လမ်း
Subscribe to:
Post Comments (Atom)
Diseño por headsetoptions | A Blogger por Blog and Web
16 comments:
အချစ်ကဗျာ လှလှလေးရေးပေးလို့ ကျေးဇူးနော် ကဗျာဆရာ :) :)
ကေအို အားလုံး အိုကေပါစေ :)
နီးတုန်းမှာ မသိသာပေမယ့် ဝေးတဲ့အခါ သစ္စာတရားဟာ အရေးပါလာတယ် ညီလေးရေ...
လျှောက်မယ့်လမ်းလေး ဖြူးပါစေ...
ကဗျာလာဖတ်ပါတယ်ဗျာ :)
ဒီလို အနုအရွ ကဗျာလေးတွေ ကြိုက်ဗျာ ။လျှောက်မယ့်လမ်းတွေ သာယာဖြောင့်ဖြူးပါစေ ကိုညိမ်းရေ ။း)
လျှောက်မယ့်လမ်းလေး သာယာလှပပါစေနော်
ဟီးဟီး ဦးကြွက်ကြီး
ဒီကဗျာကိုဖတ်ပြီး ရွှေမန်းတင်မောင်ကို နှစ်ပါးသွားကခိုင်းလိုက်ရင် ပွဲကတော့ တော်တော်ကို လူစည်ကားသွားမှာ ရွတ်လို့ဆိုလို့ကောင်းတယ် :)
ကဗျာလေးကလှချက်ဗျာ...
ချမ်းမြေ့ပါစေကိုညိမ်းရေ :P
နယ်ရေ ဒို့လည်းလိုက်မယ်ချန်မထားနဲ့ ချစ်သူသွားတော့လွမ်းလှတယ်ဆိုတဲ့ သီချင်းလေးတောင်သတိရမိသေး ကောင်းသောနေ့နယ် :)
ဘို ညိမ်း .. ခုတလော ရေးတဲ့စတိုင်လ်ပြောင်းနေတယ်...
မပြောင်းတာကတော့ ချစ်သူကို သစ္စာရှိမယ့် အကြောင်း.. ဝေးနေတဲ့ အကြောင်း...။
လျှောက်စေဗျား .. ဟေးဟေး ...
ကိုယ့်ဆရာ ကဗျာဆရာကြီး .. နုနေပါလားဗျ
ကဗျာလေးကြိုက်တယ်ဗျာ...
တို့ လျှောက်မဲ့လမ်းလေးလာလျှောက်သွားတယ် :P
လျှောက်မဲ့ လမ်းလေးသာယာပါစေဆုတောင်းပေးပါတယ်
အချစ်ကြီးပါပေ့ဗျာ
ညီညာသာယာ စိုပြေတဲ့လမ်းဖြစ်ပါစေဗျာ...
ကဗျာနုလေးက ရင်ကို အေးသွားတယ်ဗျာ
ကဗျာလေးက လှတယ်ရှင့်... သက်ဆုံးတိုင် လျှောက်လှမ်းနိုင်ပါစေ....
Post a Comment